Sep 05, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာနသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကပါဝင်နေသော တောင်သူ လယ်သမားများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်၊ တောင်သူများ နေ့စဉ်ကြုံတွေ့နေရသော စိုက်ပျိုးရေးဆိုင်ရာ အခက် အခဲ ပြဿနာ များကို နည်းပညာအရ ကူညီဖြေရှင်းပေးနိုင်ရန် ရည်ရွယ် ၍ စိုက်ပျိုးရေးဦးစီးဌာန Call Center ကို နေပြည်တော် ရုံးအမှတ် (၄၃)၌ ဖွင့်လှစ်ထားရှိရာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၁ ရက်အထိ Hot line ဖြင့် ၁၂၃၈ ကြိမ်၊ Viber ဖြင့် ၁၅၈၇ ကြိမ်၊ Facebook ဖြင့် ၁၄၂၅ ကြိမ်၊ ကြိုးဖုန်းဖြင့် ၁၀၈၅ ကြိမ် စုစုပေါင်း ၅၃၃၅ ကြိမ် မေးမြန်းခဲ့ရာတွင် သီးနှံကာကွယ်ရေးဆိုင်ရာ အကြိမ် ၁၀၀၀၊ မြေအသုံးချရေး ဆိုင်ရာ ၅၄၄ ကြိမ်၊ မျိုးစေ့ဆိုင်ရာ ၂၆၄ ကြိမ်၊ စိုက်ပညာဆိုင်ရာ အကြိမ် ၁၂၁၀၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝ ဆိုင်ရာ ၇၈၃ ကြိမ်၊ စက်မှုသီးနှံဆိုင်ရာ ၄၃၂ ကြိမ်၊ အထွေထွေ ဆိုင်ရာ ၁၁၀၂ ကြိမ်တို့ကို ဖြေကြားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 05, 2020
မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 05, 2020
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၂/၂၀၂၀)ကြိမ်မြောက် အစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 05, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
Sep 05, 2020
မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ်ရေးဆွဲအကောင်အထည် ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် OneMap Myanmar နည်းပညာဆိုင်ရာအဖွဲ့တို့၏ 5th MEITI Report ပါ အချက် အလက်များအတွက် Web Application တည်ဆောက်ခြင်း ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 05, 2020
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ကျင်းပသည်။
Sep 05, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ကနေဒါနိုင်ငံမှ N95 Mask များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာန(ရုံးချုပ်) အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
Sep 05, 2020
၁။ (၄-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Sep 05, 2020
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအရေအတွက် ၁၁၀၀ ကျော်သွားခြင်းနှင့်အတူ အာဆီယံနိုင်ငံများ ဇယားတွင် မြန်မာနိုင်ငံက ဗီယက်နမ်နိုင်ငံ၏ အထက်သို့ ရောက်ရှိသွားခဲ့သည်။ ရောဂါနှင့်စပ်လျဉ်း၍ သေဆုံး သူ အရေအတွက်အားဖြင့်လည်း တစ်ဦး တိုးသွားပြီဖြစ်သည်။
Sep 04, 2020
ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်း စီမံကိန်းများအနက် စီးပွား ဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက် အအုံများကို ဉီးစွာ အကောင် အထည်ဖော် ဆောင်ရွက်ရန် ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဆွစ်ယှဉ်ပြိုင် တင်ဒါ (Swiss Challenge) ခေါ်ယူနိုင်ရေး အကြံပေး ဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ် လက်မှတ် ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်မြို့ တော်ခန်းမတို့၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။
Sep 04, 2020
မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထောက်ပံ့ မှုတစ်ကြိမ် မရရှိ သေးသော မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP) အရ ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Sep 04, 2020
၁။ (၄-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၃၅)ခု၊
Sep 04, 2020
စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 Economic Relief Plan ဖြင့် ဝယ်ယူသော လူနာတင်ယာဉ် (၁၂) စီးအနက် ပထမအသုတ် (၄) စီးအား လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၌ ကျင်းပသည်။
Sep 04, 2020
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄)၌ ကျင်းပသည်။
Sep 04, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁) ဦးအား မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၈ ၃၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။
Sep 04, 2020
(၁၁)ကြိမ်မြောက် ကွန်ဗင်းရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှု ပြန်လည်သုံးသပ်ရေးအဖွဲ့၏ ပထမ အကြိမ် Resumed အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး နှင့် စပ်လျဉ်း၍ အစိုးရလုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂ ရက် အထိ လည်း ကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအထွေထွေညီလာခံ အထူးအစည်းအဝေး (UNGASS) ၏ ပထမ အကြိမ်မြောက် Intersessional အစည်းအဝေးကို စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိ လည်းကောင်း Virtual Format ဖြင့် ကျင်းပသည်။
Sep 04, 2020
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အလုပ် သမား ရေးရာ အဖွဲ့- ILO နှင့် UN Women Myanmar တို့ပူးပေါင်း၍ Safe and Fair Project ပါ အာဆီယံ ဒေသတွင်းရှိ အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့် အရေးများနှင့် အခွင့်အလမ်းများ ရရှိ စေခြင်းနှင့် စပ်လျဉ်းသည့် အမျိုးသား အကြံပေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ Virtual meeting ဖြင့်ကျင်းပသည်။
Sep 04, 2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ လှည်းကူးမြို့နယ် ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် ကိုဗစ်-၁၉ ကျန်းမာရေးစင်တာမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်မှ ကိုဗစ် - ၁၉ ရောဂါ လူနာများကို စင်တာတွင် လက်ခံကုသပေးနိုင်ရေး သြဂုတ် ၃၁ ရက် ညနေ ၄ နာရီက ဧည့်ရိပ်သာတွင် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
Sep 04, 2020
မြောင်းမြ စက်တင်ဘာ ၄
