Sep 18, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Sep 18, 2020
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် နှင့်ပတ်သက်၍ ကျူးလွန်သူ တပ်မတော်သားသုံးဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Sep 18, 2020
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် ကြီး Mr. Manjurul Karim Khan Chowdhury အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံသည်။
Sep 18, 2020
ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများကို စောင့်ကြပ်ပေးနေမှုနှင့် စပ်လျဉ်းပြီး ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာဇော်လင်း အောင်က ယခုလို ပြောကြားသည် -
Sep 18, 2020
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိအလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းရန်အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၂၀၀ ကျပ်တန်) (၁)မျိုးအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၁ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် (တနင်္လာနေ့)၊ နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက် ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
Sep 18, 2020
မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော် ဒိုင်ယာလော့အရှည်ကြီးကို အဲဒီလို ပြောခဲ့ရတယ်။ ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။ အဲဒါ ‘ဤရူပ’ပေါ့နော်။ မင်းသားကြီးမြင့်စိုး ။ ။ ‘ဤရူပ’ပါဆရာ။
Sep 18, 2020
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၆ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
Sep 18, 2020
၁။ (၁၇-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ မှ (၁၈-၉-၂၀၂၀) နံနက် (၈:၀၀)နာရီ အတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၆၉၄) ခု၊
Sep 18, 2020
ပါမောက္ခ ဒေါက်တာကျော်ကျော်ဦး နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေကြသည့် ကိုဗစ် -၁၉ ဓာတ်ခွဲ အတည်ပြုလူနာများ၊ သံသယလူနာများ၏ ကျန်းမာရေး အခြေအနေ၊ ဆေးဝါးကုသ စောင့်ရှောက်ပေးနေမှုနှင့် နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်း အတွက် ကြိုတင်ပြင်ဆင်ထားမှုများနှင့်စပ်လျဉ်းပြီး တာဝန်ရှိသူများ၏ ပြောကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
Sep 18, 2020
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး နိုင်ငံအတွင်း ရောဂါပြန့်ပွားမှုအခြေ အနေနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာလ ၁၅ ရက်နေ့က ပြည်သူများသို့ အစီရင်ခံ တင်ပြခဲ့သည်။ “ဒီအချိန်မှာ ကျွန်မဒါတွေကို တင်ပြတာက ပြည်သူတွေ စိုးရိမ်လွန်ဖို့ မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ အားလုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ ဒီစိန်ခေါ်မှုကို ကျော်လွှားဖို့ဖြစ်ပါတယ်။ ရခိုင်မှာဆိုရင် အရင်လက တော်တော်စိုးရိမ်ရပါတယ်။ အခုချိန်မှာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လို့ ရသွားပြီလို့ ကျွန်မတို့ပြောနိုင်ပါတယ်။ ဒါကလည်း ပူးပေါင်းဆောင်ရွက်မှုကြောင့်ပါပဲ” ဟု ပြောကြားခဲ့သည်။
Sep 18, 2020
ဩဂုတ်လလယ်ပိုင်းတွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ ဒုတိယအကျော့ ဝင်ရောက်မှုက ရိုက်ခတ်မှုပြင်းထန်လှသည်။ ရောဂါပိုးကူးစက်ပျံ့နှံ့မှုက မြန်ဆန်လှသလို ဓာတ်ခွဲ အတည်ပြုလူနာ အရေအတွက်နှင့် ရောဂါကြောင့် သေဆုံးမှုအရေအတွက်တို့က တစ်လခန့် အချိန်ကာလ အတွင်းမှာပင် ရုတ်တရက် မြင့်တက်သွားခဲ့သည်။ နိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး ဒေသဖြစ်ပြီး စီးပွားရေးအချက်အချာလည်းဖြစ်သည့် ရန်ကုန်သည် ကိုဗစ်-၁၉ နှင့် အဓိကရင်ဆိုင်ရသည့် ဗဟိုချက်မသဖွယ်လည်း ဖြစ်လာသည်။ ကယားပြည်နယ်မှလွဲ၍ ကျန်တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက ပိုးတွေ့လူနာ အရေအတွက်တိုးလာသည်။
Sep 17, 2020
၁။ (၁၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီမှ ည (၈:၀၀)နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ - - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၅၂)ခု၊ - ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (ပထမအသုတ်)ဓာတ်ခွဲနမူနာ (၂၅၅) ခု၊
Sep 17, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Monitoring and Evaluation Framework အတွက် Indicator များ ဖော်ထုတ်ဆွေးနွေးနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက Virtual Workshop အနေဖြင့် ကျင်းပသည်။
Sep 17, 2020
နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆိုင်ရာ Online အစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 17, 2020
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Sep 17, 2020
၁။ ယမန်နေ့ (၁၆-၉-၂၀၂၀) ရက်နေ့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။
Sep 17, 2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Cabinet အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ Online Meeting ကျင်းပပြုလုပ်သည်။
Sep 17, 2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ (၄) နာရီအချိန်က
Sep 17, 2020
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးဇော်မင်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
Sep 17, 2020
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နေ့လယ် (၂)နာရီက မုံရွာမြို့ စီးပွားရေးတက္ကသိုလ်၊ နန္ဒဝန်ရပ်ကွက် ဝန်ထမ်းအိမ်ရာစခန်း၊ ဒေါနခြံရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး Mask များ၊
