Oct 13, 2020
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ လမ်းသစ်ရပ်ကွက် အမ္ဗာရာမ သာသနာ့နွယ်ဝင် သီလရှင်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး ဆန်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်းသည်။
Oct 13, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ စာချုပ်သက်တမ်းကျော်လွန်၍ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာသင်္ဘောသားများအား မြန်မာသံရုံး ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Oct 13, 2020
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယိုခန်းမ (၁)တွင် Virtual စနစ်ဖြင့် ယနေ့ကျင်းပမည်ဖြစ်သည်။
Oct 13, 2020
ကမ္ဘာတစ်ခွင်သည် ယခု ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းကာလမှစပြီး ကိုဗစ်ကပ်ရောဂါနှင့် နပန်းလုံးနေခဲ့ကြရသည်မှာ နှစ်ပေါက်တော့မည်ဟု ဆိုရပါမည်။ ကာကွယ်ဆေး စတင်တွေ့ရှိနေပြီး စမ်းသပ်မှုများကို တွန်းတွန်းတိုက်တိုက် လုပ်နေကြသည်ဖြစ်ရာ ယခုနှစ်ကုန်တွင် ကမ္ဘာနှင့်အဝန်း စတင်အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်ရပါသည်။ မည်သို့ပင်ဖြစ်စေ ၂၀၂၀ သည် အခြားသော အမှုကိစ္စများထက် ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး၊ ကာကွယ်နိုင်ရေး၊ ရောဂါဖြစ်ပွားသူများကို ကုသပေးရေးတို့ကသာ ဦးစားပေး ဆောင်ရွက်နေရသည့်နှစ် ဖြစ်ပါသည်။
Oct 12, 2020
(၁၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၂-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၇၀၇)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၃၄၄)ဦး တွေ့ရှိရပါသည်။
Oct 12, 2020
ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ယနေ့ညနေ ၄ နာရီ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။
Oct 12, 2020
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP) ရန်ပုံငွေဖြင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ၌ စိုက်ပျိုးမြေဧက ၆၀၀ ကျော်အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်းကို ဇွန်လမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
Oct 12, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အခမ်းအနားအထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးအား၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁၃)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တော်သလင်း လပြည့်ကျော် (၁၂)ရက် (အင်္ဂါနေ့)၊ နံနက်(၉)နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော် စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည် ဖြစ်သည်။
Oct 12, 2020
(၁၁-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၉၀၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Oct 12, 2020
(၂၀၂၀) မိုးစပါးရိတ်သိမ်းကာလနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 12, 2020
ရှမ်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံသို့ ယနေ့နေ့လည် ၁၂ နာရီ က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ အလှူရှင်များမှ လာရောက်လှူဒါန်းကြောင်း သိရသည်။
Oct 12, 2020
မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်များအတွက် လုံလောက်သောအစာရေစာများကို ထောက်ပံ့ပေးစွမ်းနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုနည်းပါးခြင်းတို့ကြောင့် ဆောင်းရာသီကာလတွင် ဆောင်းခိုငှက် အများအပြား နှစ်စဉ်ရောက်ရှိလာကြသဖြင့် ငှက်မျိုးစိတ်များ ပျောက်ပျက်မှုမရှိစေရေးဝိုင်းဝန်း ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်က ပြောသည်။
Oct 12, 2020
ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘယ်လ်ဂျီယံ သံအမတ်ကြီး မစ္စတာ ဖိလစ်ပီ ကာရ်လ်ဒီကာ၏နေရာတွင် မစ္စ စီအီးလ် ဒီ ကာတီယေး ဦးဗ် အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
Oct 12, 2020
၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိလူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် အထူးပြု ရေးသားသည့် “ကုလသမဂ္ဂ (၇၅) နှစ်ပြည့်အထိမ်းအမှတ်” မျက်နှာဖုံး ဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာစာစောင် (အောက်တိုဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
Oct 12, 2020
သတင်းတုများ၊ သတင်းမှားများ၊ ကောလာဟလသတင်းများမှာ မမှန်ကန် သောသတင်းများ ဖြစ်ပါသည်။ ယင်းတို့မှာ ပြည်သူလူထု စိုးရိမ်ပူပန်မှု ဖြစ်လာအောင် အန္တရာယ်ပေးသည့် အမှုကိစ္စများဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ်ရန် မမှန်ကန်သည့် ကြံစည်အားထုတ်မှုများဖြစ်သည်။ အထူးသဖြင်
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Oct 11, 2020
Oct 11, 2020
၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးများ၌ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြန်မာသံရုံး (၄)ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံး (၁)ရုံးနှင့် ပြင်ပမဲရုံခွဲ (၂)ခုတို့၌ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Oct 11, 2020
Oct 11, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် အမေရိကန်ပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များအား မြန်မာသံရုံး ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး ဆိုးလ်မြို့တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည် ခေါ်ဆောင် ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင် ပြေချော မွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေရိ ကန်ပြည်ထောင်စုမှ (၄၉)ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ (၆၀)ဦး ၊ မြန်မာ နိုင်ငံသား စုစုပေါင်း (၁၀၉) ဦး လိုက်ပါခဲ့ကြသည်။
