Jan 29, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Jan 29, 2026
လတ်တလောတွင် အများပြည်သူကြားသိနေကြသည့် ယခုလလယ်ပိုင်းက အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၌ နီပါးရ်ဗိုင်းရပ်စ် ကူးစက်မှုအသစ်ပြန်လည်တွေ့ရှိခဲ့သည်။ ကာလကတ္တားမြို့အနီးရှိ ဘာရာဆတ်ဒေသတွင် အဆိုပါရောဂါပိုးအား ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိခြင်းဖြစ်ပြီး အတည်ပြုလူနာ ငါးဦးရှိကြောင်းသတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အဆိုပါ ရောဂါပိုးကူးစက်ဖြစ်ပွားမှုမရှိဘဲ ကြိုတင်ကာကွယ်သည့်အနေဖြင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 29, 2026
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းက MDY-PDF အဖွဲ့ဝင် အင်အား ၁၅၀ ခန့် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြန်လည်ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။ နောက်ထပ်လည်း ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိလျက်ရှိနေရာ အမြန်ဆုံးပြန်လည်ဝင်ရောက်ကြခြင်းအားဖြင့် တရားဥပဒေ၏ စိုးမိုးမှုအောက်တွင် ပုံမှန်ဘဝများဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။
Jan 28, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Jan 28, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Jan 28, 2026
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
Jan 28, 2026
နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ခရီးသွားပြည်သူများအား အသိပေးချက်
Jan 28, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 28, 2026
သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာ ပြည်သူအခြေပြု အသေးစားစီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း၏ ဝါးလက်မှုထုတ်ကုန်ပစ္စည်းအမျိုးမျိုး စျေးကွက်မြှင့်တင်ရေးနှင့် အရောင်းပြပွဲကို ယနေ့နံနက် ၉ နာရီတွင် Kumudra Grand Ballroom, Hotel Max, Naypyitaw ၌ ကျင်းပသည်။
Jan 28, 2026
ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ (အပတ်စဉ်-၁၃) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ဟိုတယ်ဇုန် (၁) ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
Jan 28, 2026
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက်၁၁နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား လက်ခံတွေ့ဆုံ သည်။
Jan 28, 2026
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System– ORTP) ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ပေးလျက်ရှိသည်။
Jan 28, 2026
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jan 28, 2026
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဘန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့တို့တွင် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သော မသန်စွမ်းအားကစားအဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများသည် အားကစားနည်း ၁၁ နည်းတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၉ ခုနှင့် ကြေးတံဆိပ် ၂၀ ဖြင့် စုစုပေါင်း ဆုတံဆိပ် ၅၉ ခုကို ဆွတ်ခူးရရှိခဲ့ကြသည်။
Jan 28, 2026
၂ဝ၂၆ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဆောင်းပါးနှင့် ကာတွန်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း
Jan 28, 2026
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ ဂမ်ဘီယာက ဒုတိယအကျော့ လျှောက်လဲမှုကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီက စတင်သည်။
Jan 28, 2026
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 28, 2026
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၃ ဖြင့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိစွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်းစွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းအောင်မြင်ပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
