Feb 17, 2021
နေပြည်တော် ဖေဖော်ဝါရီ ၁၆
Feb 17, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လတ်တလော ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 17, 2021
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
Feb 17, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်
Feb 16, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လက်ရှိနိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လည်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။
Feb 16, 2021
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
Feb 16, 2021
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂၄) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 16, 2021
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
Feb 16, 2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံတပ်မတော် သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံ ပေးဝေလှူဒါန်းလျက်ရှိသည်။
Feb 16, 2021
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပဘုရား ကပိုင် - အလောင်းတော် ကဿပဘုရားသွားလမ်း ရာသီဘုရား ဖူးလမ်းကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ( ၁၅ ရက် မွန်းလွဲ ၂ နာရီက ယင်းမာပင် ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 16, 2021
ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
Feb 16, 2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ စက်စက်ယို ကျေးရွာလေးသည် ငါ့သရောက်မြို့ တောင်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး ညောင်ဦး-ပုပ္ပား ဗျတ္တ ပန်းဆက် လမ်းမကြီး၏ မြောက်ဘက် ဂျမ်းလှီးရွာမှသွ၍ လည်းရကာ ခေတ်အဆက်ဆက်တွင် ထားရှိခဲ့သော မြန်မာ့ဆံကေသာ ပုံစံအမျိုးမျိုးကို ယနေ့အချိန်အထိ ထိန်းသိမ်း ထားသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးခင်မောင်ဝင်းထံက သိရသည်။
Feb 16, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီခွဲတွင် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်တွင် ကျော်နိုင်ဦး(ခ)စိုင်းသူရ မောင်းနှင်ပြီး အောင်ဌေး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကို သိမ်းဆည်းရမိသည်။
Feb 16, 2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 16, 2021
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏မိသားစုဝင်များ၊ စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ကိုဗစ် (၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း သွားလာ မှုများ ကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲမရှိစေရန်ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။
Feb 16, 2021
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 16, 2021
ကချင်ပြည်နယ်အတွင်း ပြည်တွင်းနှင့် ပြည်ပကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပုံမှန်အတိုင်း ကုန်စည်စီးဆင်းမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်းဝင်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပသည်။
Feb 16, 2021
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးသည်။
Feb 16, 2021
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ဖေဖော်ဝါရီ ၉ ရက် မှ ၁၁ ရက်အထိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဌာနများတည်ရှိရာ အစည်းအဝေးခန်းမများတွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ တွေ့ဆုံ၍ ဝန်ကြီးဌာန၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ဆွေးနွေး မှာကြားသည်။
Feb 16, 2021
ယနေ့အချိန်အခါတွင် ပြည်သူလူထု လူမှုစီးပွား အဆင်ပြေရေးသည် အရေးအကြီးဆုံးဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေမျိုးဖြစ်နေစေကာမူ ပြည်သူလူထု လူမှုဘဝလုံခြုံစိတ်ချရေး၊ လူမှုစီးပွား အဆင်ပြေရေးတို့သည် မဖြစ်မနေလိုအပ်ပေသည်။ ယင်းအခြေအနေကို နိုင်ငံတော်က အလေးထား ဆောင်ရွက်ပေးမည်ဆိုသော်လည်း ပြည်သူလူထုပါ ပူးပေါင်းပါဝင်မှ ပိုမို အဆင်ပြေနိုင်မည် ဖြစ်သည်။
