Mar 09, 2021
ပြန်ကြားရေးဝန်ကြီးဌာနက အမိန့်အမှတ် (၁/၂၀၂၁)ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
Mar 09, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်း ရှင်များ အသင်းချုပ် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့မှဆောင်ရွက်သော ပြည်သူ့ အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးသည်။ ။
Mar 09, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၅/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Mar 09, 2021
ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။
Mar 09, 2021
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်။ သာဓက အားဖြင့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော လူဦးရေစာရင်းအရ ရှမ်းပြည်နယ်တွင် တိုင်းရင်းသား ခြောက်သန်းနီးပါး၊ ကချင်ပြည်နယ်တွင် တစ်သန်းခွဲကျော် နေထိုင်ကြရာတွင် တိုင်းရင်းသားမျိုးနွယ်စုကွဲများနှင့်အတူ ချစ်ချစ်ခင်ခင် အတူတကွ လက်တွဲနေထိုင်ကြသည်။ အလားတူပင် ကျေးလက် ဒေသများတွင်လည်း တိုင်းရင်းသားပြည်သူပေါင်းစုံ စုပေါင်း နေထိုင်ကြသည်။ မြို့ကြီးပြကြီးများနှင့် အလှမ်းဝေးသောဒေသများတွင် နေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ရိုးသားဖြူစင်စွာဖြင့်၊ အေးချမ်းစွာဖြင့်နေထိုင် လျက်ရှိကြသည်။ ထိုသို့ အေးချမ်းစွာနေထိုင်လျက်ရှိသေ
Mar 09, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။
Mar 08, 2021
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၁ ခုနှစ်) ကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ online စနစ်၊ Hybrid ပုံစံဖြင့် ကျင်းပသည်။
Mar 08, 2021
လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ MICT ဝန်းအပေါက်ဝ၌ မတ် ၂ ရက် နံနက် ၈ နာရီက တက္ကသိုလ်ပေါင်းစုံ ဆရာ/ဆရာမများ နှင့် ဝန်ထမ်းများစုပေါင်း ဆန္ဒပြရန် စုဝေးနေစဉ် CDM လှုပ်ရှားမှုတွင် အဓိက ဦးဆောင် ပါဝင်သည့် ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ပါမောက္ခ ဒေါက်တာ အာကာမိုးသူ အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား နိုင်ငံသားအစုအဖွဲ့ တစ်ခုကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ၊ ကြောက်ရွံ့စေလျှင်၊ သို့မဟုတ် ကြောက်ရွံ့စေရန် ကြံရွယ်ခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
Mar 08, 2021
နေပြည်တော် မတ် ၈ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှော
Mar 08, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၈)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။
Mar 08, 2021
နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်ဟောင်း ဦးမင်းသူ အား ပုဗ္ဗသီရိ မြို့နယ် ပတ္တာနယ်မြေရဲစခန်း၌ (ပ)၃၀/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း သိရသည်။
Mar 08, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာ အစဉ်အလာ မပျက် စုပေါင်းထမနဲထိုးပွဲ အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ရုံးအမှတ်(၃၅)၌ ကျင်းပသည်။
Mar 08, 2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက် ၁၀ နာရီတွင် အမျိုးသားပြတိုက်(နေပြည်တော်) အတွင်း ခင်းကျင်းပြသထားမှု များကို ကြည့်ရှု စစ်ဆေးသည်။
Mar 08, 2021
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဆန်၊ စပါး ဝယ်ယူခြင်း ဆိုင်ရာကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လယ်ယာထုတ်ကုန်စီမံ ခန့်ခွဲရေးအဖွဲ့ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Mar 08, 2021
မုံရွာမြို့တွင် ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်အကြမ်းဖက် မှု ကျူးလွန်ခဲ့ သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။
Mar 08, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး မစ္စတာ အိချိရော့ မာရုယာမအား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Mar 08, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် မတ် ၆ ရက် နံနက်ပိုင်း တွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက် တာများအသင်းချုပ်တို့ မှ ဆောင်ရွက်သော ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
Mar 08, 2021
CDM (Civil Disobedience Movement) ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်သူများကြုံတွေ့နေရသည့်အခက်အခဲ များနှင့် CDM လုပ်ဆောင်လိုခြင်းမရှိသည့် နိုင်ငံ့ဝန်ထမ်းများ၏ လက်တွေ့ရင်ဆိုင်ခံစားနေရမှုများကို တွေ့ဆုံ မေးမြန်း ရေးသားလိုက် ရပါသည်။
Mar 08, 2021
တိုင်းဒေသကြီးနှင့် မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များ ခန့်အပ် ထားရှိမှု အပေါ် ကျေနပ်မှုမရှိသည်ကို အကြောင်းပြ၍ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးမှူးများအား ဖိအား ပေးခြင်း၊ စီမံအုပ်ချုပ်ရေးမှူးရုံးများတွင် အုပ်စုဖွဲ့ပြီး ရမ်းကားဆန္ဒပြခြင်း၊ စီမံအုပ်ချုပ်ရေးရုံး ဆိုင်းဘုတ်များ ဖြုတ်ချခြင်း၊ အဖျက်အမှောင့် စာများရေးသား၍ ရုံးရှေ့တွင် ချိန်ဆွဲခြင်း၊ သစ်သားချောင်းများဖြင့်ရိုက်ပိတ်ခြင်း၊ ရုံးအဝင်တံခါး များအား သော့ခတ်ခြင်း၊ တံခါးများအား သံချောင်းများဖြင့် ဂဟေဆော်ပိတ်ခြင်းများအား မင်းမဲ့ စရိုက်ဆန်ဆန် ဆောင်ရွက်လျက်ရှိသည်။
