Skip to main content

May 04, 2021

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့ အမှတ်(၁) ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံးအနီး ထီးလင်းဂန့်ဂေါသွား ကားလမ်းပေါ်သို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦးသည် ယနေ့ နံနက် ၆ နာရီခန့်တွင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံး ပစ်ချထွက်ပြေးခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ပေါက်ကွဲမှုကြောင့် ရုံးရှေ့ကတ္တရာ လမ်းပေါ်တွင် အကျယ် ၃ လက်မ၊ အနက်လက်မ ဝက်ခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား COVID-19ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက် ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀)မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့ပြီး ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီမှ ပဲခူးစက်မှုဇုန် လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၂ ရက်က ပဲခူးမြို့ ညောင်အင်းလမ်းထိပ် ရပ်ကွက်ကြီး (၅) ရှိ ဥဿကျော်ဟိုတယ်၌ ပြုလုပ်ခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ ပြောကြားချက်များကို တင်ပြလိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက The World Press Freedom Day ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “Press Freedom ကို ဦးတည်ကာ မီဒီယာစင်တာ ထူထောင် ကြစို့” စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမှတ်(၃၉၂/၃၉၆)ရှိ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီရုံး၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

နိုင်ငံ၏ စီးပွားရေးပုံသဏ္ဌာန်ပြောင်းလဲရေးအတွက် အဓိကအခြေခံကျသော ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဒေသနေပြည်သူများ၏ လိုလားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးရေး အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာကော်မတီများနှင့် ကျေးရွာရွာသူကျေးရွာသား များက ညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်သည့် အလေ့အထကောင်းများရှိခြင်းသည် အားသာချက် တစ်ခု ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်ကြီးကို လာမည့် မေ ၅ ရက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားမှုလုပ်ငန်းစဉ်များကို စတင်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ဒီ အရှေ့ပိုင်း တက္ကသိုလ်ကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားမှု တွေ အဆက်မပြတ်လုပ်ဆောင်သွားဖို့ လုပ်ငန်းစဉ်တွေ ချမှတ် လုပ်ဆောင်နေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက် တွေနဲ့အညီကျောင်းသားများအေးချမ်းစွာ ပညာဆက်လက်သင်ကြားနိုင် ရေး အဓိကထား ဆောင်ရွက်နေတာပါ။ အခုစတင်ဖွင့်လှစ်မှာကလည်း ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ မပြီးပြတ်သေးတဲ့ နောက်ဆုံးနှစ် သင်တန်းတွေနဲ့ မဟာဘွဲ့ ရေးသင်တန်းတွေကို စတင်ဖွင့်လှစ်ပေးမှာဆိုတော့ ကျောင်းဆောက်လုပ်ငန်းစဉ်တွေအနေနဲ့ကတော့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ ကျောင်းသားများ လိုအပ်မှုမရှိဘဲ အဆင်ပြေပြေ ဆက်လက် ပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

အများပြည်သူအကျိုးစီးပွားဆိုသည်မှာ နေ့စဉ်လူမှုဘဝ လိုအပ်ချက်များ အားလုံးဖြစ်ပါသည်။ အသေးအမွှားမှအစ ကြီးကြီးမားမား ကိစ္စများအထိ ပါဝင်ပါသည်။ လူမှု ဘဝလောကတွင် အရာရာသည် အများပြည်သူအကျိုးစီးပွားနှင့် ကင်းမည်မဟုတ်ပေ။ ထို့ကြောင့် ဒီမိုကရေစီခေတ်ကာလတွင် အများပြည်သူအကျိုးစီးပွားအတွက် အလေးထား ဆောင်ရွက်ပေးကြရသည်။

ဆက်လက်ဖတ်ရှုရန်

May 04, 2021

အကြမ်းဖက်သမားဆိုသည်မှာ အကြမ်းဖက်ခြင်းကို နိုင်ငံရေး ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရေး အတွက် ကျင့်သုံးသူများ ဖြစ်သည်။ သူတို့၏ ပစ်မှတ်မှာမူ လွန်စွာလွယ်ကူ၍ လွန်စွာအားနည်းသော ပစ်မှတ်ဖြစ်သည့် ပြည်သူလူထုဖြစ်သည်။ ရက်စက်ကြမ်းကြုတ် ခြင်းနှင့် ခြောက်လှန့်ခြင်းတို့ကို နည်းဗျူဟာအဖြစ် ကျင့်သုံးကာ ပြည်သူလူထုအတွင်း အကြောက်တရားကို ဖန်တီးခြင်းဖြစ်ရာ အကြမ်းဖက်မှုတို့ကို ရပ်ထဲ၊ ရွာထဲ၊ မြို့ထဲမှာပင် ကျူးလွန်ကြခြင်း ဖြစ်သည်။ အစိုးရကို ဦးတည်ပြီး ပြည်သူကို တိုက်ခိုက်ကာ နိုင်ငံရေး အကျိုးအမြတ်ကို ရှာဖွေခြင်းဖြစ်ရာ အကြမ်းဖက်ဝါဒကို ကျင့်သုံးသူ အား သူရဲဘောကြောင်သူများအဖြစ် သတ်မှတ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာ လိုင်စင်၊ ပါမစ်၊ ထောက်ခံ ချက်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ် (၁)၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် Video Conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

ပညာရေးဝန်ကြီးဌာန အခြေခံပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

မြိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

နေပြည်တော် မေ ၃ (၂၄)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့်ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 03, 2021

(၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဆက်လက်ဖတ်ရှုရန်

May 03, 2021

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်