May 22, 2021
Myanmar Public Pressမှတာဝန်ခံ အယ်ဒီတာနှင့် လွှတ်တော်ပြင်ပ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ ဘဝမြှင့်တင်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌ ဒေါက်တာ စိုးမြင့်ဦးက ကျောင်းသားများ လုံခြုံရေးအတွက် အဖွဲ့အစည်း တွေက ပူးပေါင်းပါဝင်၍ရသည်ဟု ပြောကြားခဲ့ ကြောင်း၊ ဘယ်လို ဆက်သွယ်ရမလဲ၊ ဘယ်လို ချိတ်ဆက်ပြီး ပူးပေါင်းပါဝင်လို့ရ သလဲ သိလိုပါကြောင်း မေးမြန်းသည်။
May 22, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များတွင် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များက နေ့ညမပြတ် လှည့်ကင်း ပတ်ကင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်
May 22, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့၌ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ပြုလုပ်ထားရှိသည့် လက်နက်၊ ပစ္စည်းများနှင့်အတူ အမျိုးသား ၂ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
May 22, 2021
နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှု အပေါ် ထောက်ခံအားပေးခြင်း၊ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် CRPH နှင့် NUG တို့အား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အောက်ဖော် ပြပါ သူနာပြုများအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားပြီးဖြစ်ပါသည်-
May 22, 2021
- နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်း များနှင့် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် CRPH နှင့် NUG တို့အား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါသည်။
May 22, 2021
ြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်သည် ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများ၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
May 22, 2021
(၁၈)ကြိမ်မြောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တံခွန်စိုက်ဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၃)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယ ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဇနီးများ၊ တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းမိသားစုဝင်များတက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
May 22, 2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့် ကောင်စီဝင်များသည် သာသနာ ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာ တော်ကြီး ၁၀ ပါး၊ ကြီးကြပ်ရေး ဆရာတော်ကြီး လေးပါး၊ ပုစ္ဆကဆရာတော် လေးပါး နှင့် (၇၃)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေး(သဘောရေး)စာမေးပွဲ ဖြေဆိုလျက် ရှိကြသော စာဖြေသံဃာ ၇၈ ပါးတို့အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
May 22, 2021
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူ ရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက် များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ (၁/၂၀၂၁) အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
May 21, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် မေ ၂၁ ရက် နံနက်ပိုင်းတွင် နတ်မောက်မြို့နယ်ရှိ မဂူလကာကွယ်တောရှိ ၃/၂၀၂၀ အခြားစိုက်ခင်း (၂၅)ဧကနှင့် တောင်တွင်း ကြီးမြို့နယ်၊ ဗိဿနိုးကြိုးပြင်ကာကွယ်တောအတွင်း ၂၀၁၉ ခုနှစ် မိုးရာသီ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်းအပင် (၁၅၀၀)၊ ၂၀၂၀ ခုနှစ် မိုးရာသီ အထူးစိမ်း တစ်အုပ်တစ်မစိုက်ခင်းအပင် (၈၀၀၀)၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၂၀၂၁ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးမည့် တစ်အုပ်တစ်မစိုက်ခင်း အပင်(၃၅၀၀) အတွက် လုပ်ငန်းဆောင်ရွက် ထားရှိမှုနှင့် တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနက တည်ထောင်ထားသော ကုက္ကိုခွ ပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသော သစ်မျိုး (၂၄)မျိုး၊ ပျိုးပင်(၂၅၁၀၀) ရှင်သန်ဖြစ်ထွန်းမှု များကို ကြည့်ရှုစစ်ဆေးသည်။
May 21, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက် (၁၀)နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ မြို့နယ်အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသော ပေ(၁၂၀x၉၀) မိုးလုံလေလုံ အားကစားရုံ တည်ဆောက်နေမှုကိုလည်းကောင်း၊ ဘောလုံးကွင်းပွဲကြည့်စင် ပျက်စီးနေ မှုမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ ပြန်လည်ပြုပြင်မွမ်းမံရန် တာဝန်ရှိသူမျာကို မှာကြားသည်။
May 21, 2021
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူ များနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ မောင်မောင်နိုင်၊
May 21, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မေ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ပျားရည် သန့်စင်အလုပ်ရုံနှင့် ပျားထွက်ပစ္စည်း အလုပ်ရုံများတွင် ပျားမွေးမြူရေး၊ ပျားရည်ထုတ် လုပ်ရေး၊ လေ့ကျင့်ပညာပေးရေး၊ သုတေသနလုပ်ငန်းနှင့် ပုဂ္ဂလိကကဏ္ဍ ပျားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
May 21, 2021
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၃)ကြိမ်မြောက် အစည်းအဝေးကို မေ ၂၀ ရက် မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 21, 2021
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီ ၅၉ ပါတီမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
May 21, 2021
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။လွန်ခဲ့သော(၂၄)နာရီအတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကွက်၍ မိုးကြီးခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။
May 21, 2021
ဆက်လက်၍ Sankei Shinbon သတင်းဌာနမှ ဒေါက်တာဇော်သန်းက မကြာသေးမီက စံတော်ချိန်သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သော အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှ ဘုံသဘောတူညီမှု ၅ ချက်၏ အကျိုးဆက်အဖြစ် အာဆီယံ ဥက္ကဋ္ဌ ဘရူနိုင်းဘုရင်နှင့် အာဆီယံ အတွင်းရေးမှူး မြန်မာနိုင်ငံသို့ လာ ရောက်မည့် ခရီးစဉ်နှင့်ပတ်သက်ပြီး သိလိုပါကြောင်း မေးမြန်းသည်။
May 21, 2021
ဆန်းစစ်ဝေဖန်စာဖတ်ခြင်း (critical reading) သည် ပိုမိုတက်ကြွသည့် စာဖတ်နည်းလမ်းလမ်းတစ်ရပ် ဖြစ်သည်။ ယင်းမှာ စာသားအကြောင်းအရာများကို ပို၍ နက်နဲထိရောက်စွာ စာဖတ်ခြင်းဖြစ်သည်။
May 21, 2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ပူတာအိုမြို့ရှိ တိုင်းကျော်စက်သုံးဆီအရောင်းဆိုင်သို့ ဆီများ ပို့ဆောင်ရန် ထွက်ခွာလာသည့် မော်တော်ယာဉ် ၂ စီးအား KIA အဖွဲ့က လက်နက်ကြီး/လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
May 21, 2021
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင်လျက်ရှိသည်။
