Jun 07, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ (ပထမအကြိမ်) ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
Jun 07, 2021
ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်း ပတ်ဝန်း ကျင်သန့်ရှင်း သာယာလှပရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အခြေခံပညာကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းသန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 07, 2021
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော် ကော်မတီတို့၏ ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက် သူများက မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ ပြည့်ဝစွာရရှိ စေရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
Jun 07, 2021
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားမှုဖြင့် တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သည့် ဇွန်လအတွင်းတွင် အခြေခံပညာကျောင်းများ လိုလားတောင်းဆိုမှုရှိပါက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် စံပြကျောင်းကား (School Bus) များကို တစ်လတာ အခမဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC ရုံးချုပ် မှ သိရသည်။
Jun 07, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၁ ခုနှစ် ဇွန် ၆ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ - တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန်အတွက် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံနှင့်မြို့သို့ ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။
Jun 07, 2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သာသနာ့ဗိမာန်တော် စာဖြေဌာန၌ သာသနာရေး ဦးစီးဌာနမှ ကျင်းပလျက်ရှိသော အစိုးရဓမ္မာစရိယ စာမေးပွဲကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှ ၉ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ စုစုပေါင်း ၂၈၉ ပါးတို့က ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုလျက်ရှိသည်။
Jun 07, 2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဟိုခုံကျောင်းပရိယတိ္တစာသင်တိုက်တွင် သီတင်းသုံး လျက်ရှိသော ဒေါက်တာ အာလောက ဖမဟာ ရှဲန်လျဲန်း အရှင်သူမြတ်သည် အိန္ဒိယ နိုင်ငံ University Of My Sore တက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာ သင်နှစ်တွင် Doctor Of Philosophy ဒေါက်တာဘွဲ့ ဆွတ်ခူးရရှိ အောင်မြင်တော် မူခဲ့ခြင်းကြောင့် ကျိုင်းယင်းကျောင်း တိုက် ဂိုဏ်းချုပ် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာရ်စာရ အမှူးပြုသော သံဃာတော်များနှင့် စေတနာရှင် အပေါင်းတို့က ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုခုံကျောင်းတိုက်၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။
Jun 07, 2021
မျက်မှောက်အချိန်ကာလတွင် နိုင်ငံရေး ဂယက်ရိုက်ခတ်မှုကို သတိပြုနေကြသည်။ ယခုအခါ အဆိုပါနိုင်ငံရေးထက် ပိုကြီးသော ကိုဗစ်-၁၉ ကပ်ရောဂါဘေး သတိပြု ရမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကို ကြုံတွေ့ခံစားနေရသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ရောဂါအရှိန်အဟုန် မြင့်မားလာသည်။ မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု မမြင့်မားသော်လည်း မြို့နယ်အချို့တွင် ရောဂါကူးစက်မှု မြင့်တက်လာသည်ကို တွေ့ရသည်။
Jun 07, 2021
မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြခဲ့သည့် သတင်းများနှင့် စပ်လျဉ်း၍ ဖြစ်စဉ်အမှန်များကို ပြန်လည်ရှင်းလင်းတင်ပြမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။ မုသားက အလွယ်တကူ ရှေ့မှသွား၍ အမှန်တရားက နောက်မှ တရွတ်ဆွဲလိုက်နေရခြင်းလည်း ဖြစ်ချေသည်။ သတင်းဟူသည် လူအများစိတ်ဝင်စားစရာ အကြောင်း အရာ အသစ်များဖြစ်ပြီး မှန်ကန်၊ မြန်ဆန်၊တိကျ၊ ဘက်မလိုက်သော အချက်အလက်များ (ဘခြောက်လုံး) အပြည့်အ
Jun 06, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 06, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ တပ်ကုန်းမြို့၊ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် မဟာဇနကဗိမာန်တို့၌ အစိုးရ ဓမ္မာစရိယ စာမေးပွဲဖြေဆိုလျက်ရှိသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက် ဖူးမြော်ကြည်ညိုသည်။
Jun 06, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗားကရာဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များသို့ ကွင်းဆင်း ကြည့်ရှုသည်။
Jun 06, 2021
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇွန် (၅) ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် နောင်ချိုဟိုတယ်အား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jun 06, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Jun 06, 2021
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အဆင့်မြင့် မီးခံအုတ်စက်ရုံ(တညင်းကုန်း)သို့ ရောက်ရှိပြီး စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jun 06, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး တို့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မြေအုတ်အစား ထိုးဖြစ်သော အပေါ့စား သဲကွန်ကရစ်အုတ်၊ ဖိအားမြင့်ခံ သဲကွန်ကရစ်အုတ်နှင့် အဆင့်မြင့်မီးခံ အုတ် ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးသည်။
Jun 06, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jun 06, 2021
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
