Jun 12, 2021
မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တော အနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ် ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိ ရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ် ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီး ကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။
Jun 12, 2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာ မြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူ များကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင်လည်း ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်ရောဂါ၊ မျက်စိရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများကို ဆက်လက် ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန်လိုအပ်သော လူနာများအားခွဲစိတ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ဒေသခံ ပြည်သူများအနေဖြင့် အထူးပင်ကျေးဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း သတင်းရရှိ သည်။
Jun 12, 2021
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ လက်လုပ်သေနတ်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
Jun 12, 2021
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အနက် ပြည်သူ လူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Jun 12, 2021
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်း ဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သူအမျိုးသား ၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Jun 12, 2021
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်ဟောင်းအား အကြမ်းဖက်သူများက လုပ်ကြံပစ် ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jun 12, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေ သင်ကြားမှုကို မလိုလားသည့် အကြမ်းဖက်သူများက စာသင်ကျောင်းအား မီးရှို့ဖျက်ဆီး မှုပြုလုပ်ခဲ့ ကြောင်းသိရသည်။
Jun 12, 2021
မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
Jun 12, 2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံ ပညာအထက် တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ် သင်ကြား လျက်ရှိသည်။
Jun 12, 2021
၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကျင်းပမည့် အာဆယ်ကွန်ဗင်ရှင်း၊တာဒမ်ကွန်ဗင်းရှင်းနှင့် စတော့ဟုမ်း ကွန်ဗင်းရှင်းဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးအတွက် အာရှ- ပစိဖိတ် ဒေသ၏ ကြိုတင် ပြင်ဆင်ခြင်းဆိုင်ရာ အစည်းအဝေးဖြစ်သည့် The Regiornal Metting for the Asia-Pacific Region in preparation for the online segment of the Meetings of the Conferences of the Parties to the Basel, Rotterdam and Stockholm Convention : 84 ရက်မှ ၉ ရက်အထိ Online စနစ်ဖြင့် ကျင်းပသည်။
Jun 12, 2021
အကြမ်းဖက် အဖွဲ့ အစည်းများ အဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော် ကော်မတီတို့၏ထောက်ပံ့မှုနှင့် ဆူပူအကြမ်းဖက်သူများ က မြို့နယ်အချို့၌ အကြမ်း ဖက်လုပ်ရပ်များကို ဆောင်ရွက် လျက်ရှိခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးတို့ ပြည့်ဝစွာရရှိ စေရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 12, 2021
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား Covid - 19 ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင် ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jun 12, 2021
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံကျင်းပ နိုင်ရေးအတွက် မြို့နယ်စာရေး ဆရာအသင်း မျက်နှာစုံ ညီအစည်း အဝေးကျင်းပရန်နှင့် တတိယအကြိမ် ညီလာခံ ကိုယ်စား လှယ်များ ရွေးချယ်ပေးကြရန် အကြောင်း ကြားခဲ့သော်လည်း အချို့မြို့နယ် စာရေး ဆရာ အသင်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ အခြေအနေ ကြောင့် ကျင်းပရန် ကျန်ရှိနေသည်။
Jun 12, 2021
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမအစည်းအဝေးကို ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၃၊ ၄၊ ၅၊ ၆ ရက် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက် တို့တွင် အကြိုညှိနှိုင်း အစည်းအဝေးနှင့် ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၇၊ ၈ရက် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၅၊ ၁၆ ရက်တို့တွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ အဋ္ဌမ အစည်းအဝေးကြီး ကျင်းပမည် ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး များအား ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၀ ရက် အရောက် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူပါ ရန်ပင့်လျှောက်စာများ ဖြင့် ပင့်လျှောက်ထားပြီးဖြစ်သည်။
Jun 12, 2021
ကမ္ဘာတစ်ဝန်းတွင် ကလေးလုပ်သားအရေအတွက် သန်း ၁၆ဝ အထိ မြင့်တက်လာသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သန်းနှင့်ချီသည့် ကလေးများအတွက် ပိုမိုအန္တရာယ်ရှိလာသည်ဟု အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ်တို့၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
Jun 12, 2021
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ် ချက်ဖြင့် သွေးထိုးလှုံ့ဆော်သူနှင့် အကြမ်းဖက်သမားများသည် ရပ်ရွာများတွင် နေ့စဉ်နှင့်အမျှ နှောင့်ယှက် ဖျက်ဆီးနေကြသည်။ ၎င်းတို့သည် အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့သက်သက် တိတ်တဆိတ်လုပ်ကြံခြင်း၊ အုပ်စုဖွဲ့၍ ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ စာသင်ကျောင်း များအပါအဝင် အများပြည်သူဆိုင်ရာ နေရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၊ အစိုးရဌာနများ အား မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်လုပ်ရပ်များကို ကျူးလွန်နေကြသည်။ ။
Jun 11, 2021
အမျိုးသားမြေအသုံးချမှုကောင်စီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်း ခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
Jun 11, 2021
ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဈေးကုန်း ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန မဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့ညနေပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်သည်။
Jun 11, 2021
(၂၀၂၁) ပညာသင်နှစ်၌ ဆေးတကသိုလ်များနှင့်ဆေးပညာနှီးနွယ် တကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေး ပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာစစ် ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
