Jul 07, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jul 07, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်အမှတ် ၂၇၆/၂၀၂၁ ၊ ၁၃၈၃ ခုနှစ်၊နယုန်လပြည့်ကျော် ၁၂ ရက် (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)
Jul 07, 2021
သတ္တဝါတို့သည် မိမိတို့ပြုလုပ်သော ကောင်းကံ၊ ဆိုးကံအတိုင်းသာ စံကြရ၊ ခံကြရသည်။ ထိုကံအကျိုးပေးမှုကို တစ်မျိုးတစ်မည်ဖြစ်အောင် မည်သည့်တန်ခိုးရှင်ကမှ ပြုပြင်ပြောင်းလဲ ဖယ်ရှားခုခံနိုင်ခြင်းမရှိပေ။ မလွဲမသွေဧကန်မုချဖြစ်တတ်သော သဘောရှိ၍ “နိယာမတရား” ဟုခေါ်သည်။ ကံနှင့် ကံ၏အကျိုးတို့ကို ဖော်ဆောင်ထားသော ကမ္မနိယာမသည် အလွန်ဆန်းကြယ်လှသည်။ ကမ္မသဘောအရ မိမိအမှုကို မိမိတာဝန်ယူရခြင်းသာလျှင် ဖြစ်သည်။
Jul 07, 2021
ငြိမ်းချမ်းသာယာသည့် တိုင်းပြည်ကို အလိုရှိပါသည်ဟု လူတိုင်းက ဆိုကြလိမ့်မည်။ နေဝင်မီးငြိမ်း အထိတ်ထိတ် အလန့်လန့်နဲ့ သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံရသည့် အခြေအနေမျိုး၊ ခြံတံခါး အိမ်တံခါး အထပ်ထပ်ကို သော့ခတ်၍ လုံအောင်ပိတ်ကာ ပျော်ရွှင်မှုတို့ဆိတ်သုဉ်းနေ ရသည့် အချိန်အခါမျိုးကို မည်သူမျှ လိုလားကြမည်လည်း မဟုတ်။ သို့ဆိုလျှင် ငြိမ်းချမ်းသာယာသည့် တိုင်းပြည်ကို တညီတညွတ်တည်း တည်ဆောက်ကြရန် လိုအပ် လာသည်။ တစ်ယောက်တစ်လက်၊ တစ်တပ်တစ်အား လူတိုင်းပါဝင်၍ အားလုံးဝိုင်းဝန်း တည်ဆောက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး အကွဲကွဲအပြားပြား အနီးနီးအဖုံဖုံ ကိုယ့်အတွေးနှင့် ကိုယ်တည်ဆောက်နေကြ၍မူအောင်မြင်နိုင်မည်မဟုတ်။
Jul 06, 2021
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 06, 2021
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Jul 06, 2021
ပညာရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော်ရှိ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Jul 06, 2021
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများက လက်ရှိဆောင်ရွက်လျက်ရှိသော အကျိုးပြုသုတေသန လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် နည်းပညာဆိုင်ရာဆင့်ပွား သင်တန်းပေးနိုင်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
Jul 06, 2021
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ အဖျောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အဖျောက်)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူ များက Mask ၇၀၀ ခုကို သွားရောက်ပေးဝေလှူဒါန်းသည်။
Jul 06, 2021
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေသည့် ကာလအတွင်း COVID-19 ရောဂါ သံသယလူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာသစ် များ ထားရှိရန်အတွက် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ လူ(၁၀၀)ဆန့် COVID-19 Quarantine Center ထားရှိရန် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
Jul 06, 2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ်၊ တကောင်း တိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ကူမဲတိုက်နယ် ဆေးရုံနှင့် ရွှေညောင်ဖူး တိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံ၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက အကူအညီတောင်းခံမှု ကြောင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့များအား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့် ဒေသခံပြည်သူများကို လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
Jul 06, 2021
မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ကျွမ်းကျင်သူများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jul 06, 2021
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ နှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jul 06, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဝန်ထမ်းသစ်များ ကြိုဆိုပွဲနှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။
Jul 06, 2021
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်နည်းပညာ တက္ကသိုလ် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jul 06, 2021
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မား ရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေး ဆိုင်ရာကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၆၅၉၈၅ ဦးနှင့် အတွင်းလူနာပေါင်း ၇၇၃၀၆ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
Jul 06, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇူလိုင် ၅ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၉၆၉ ဦးတွေ့ရှိခဲ့ပြီး ထပ်မံသေဆုံးသူ ၄၂ ဦးရှိသည်။ မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းကာလအတွင်း နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာတိုးပွားနေပြီး သေဆုံးသူများလည်း နေ့စဉ်များပြားလာသည်ကို တွေ့ရသည်။
Jul 06, 2021
ဒုလ္လာဘော ပုရိသာဇညာ၊ န သော သဗ္ဗတ္ထ ဇာယတိ။ ယတ္ထ သော ဇာယတိ ဓိရာ၊ တံ ကုလံ သုခမေဓတိ။
