Skip to main content

Aug 04, 2021

“အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မိမိတို့နိုင်ငံသည် ကူးစက်မှုနှုန်း ပဉ္စမအများဆုံး ဖြစ်ပြီး သေဆုံးမှုနှုန်းအနေဖြင့် တတိယအများဆုံးဖြစ်ကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံတွင် ကျန်းမာရေးနှင့်ပတ်သက်ပြီး အားနည်းချက်ရှိနေသည်ကို ဖော်ပြနေ ခြင်းဖြစ်ကြောင်း၊ ပြည်သူ များအနေဖြင့် ကျန်းမာရေးအသိများ အားနည်းခြင်းနှင့် ပင်ကိုအရ ကျန်းမာရေး အားနည်း ချက်များရှိခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏မျှော်မှန်းသက်တမ်းသည်၆၇ ဒသမ ၇၈နှစ် သာရှိသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကိုဗစ်ရောဂါကူးစက်မှု ကြောင့်မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ ကျန်းမာရေးမြှင့်တင်ရန် လိုအပ်နေခြင်းဖြစ်သည်ကို တွေ့ရှိ ရကြောင်း၊ တစ်နိုင်ငံလုံး ကျန်းမာရေးမြှင့်တင်ရေးသည် ရေရှည်မျှော်တွေး၍ မဖြစ်မနေ ဆောင် ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း” ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

နိုင်ငံခြားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၈ နာရီတွင် ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပသည့် အာဆီယံ-တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများအစည်း အဝေး၊ အာဆီယံ- ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

နေပြည်တော်ကောင်စီနယ်မြေ မြို့နယ် ၈ မြို့နယ်ရှိ အသက် ၆၅ နှစ်နှင့်အထက် ရှိသူများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စူပါမားကတ်များ ဈေးများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယင်းသို့ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဆေးထိုးနှံမှုလုပ်ငန်းစဉ်များကို ကြီးကြပ်ပေးနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့် ဆေးလာရောက်ထိုးနှံကြသူများ၏ ပြောကြားချက်များကို တင်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း) ကူးစက်ပြန့်ပွားမှု မဖြစ်ပွားမီကာလကပင် လိုအပ်သည့် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများကို လုပ်ဆောင်ခဲ့ပြီး ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လာသည့်ကာလအတွင်းတွင်လည်း အတည်ပြုလူနာ၊ စောင့်ကြည့်လူနာ များအား ကျန်ရှိသည့် တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီကယ် ဆယ်ရေးအသင်း အဖွဲ့များနှင့် တပ်မတော်သားကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ ကုသရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ၎င်းအပြင် ရောဂါကူးစက်မှုအရ အရေးပေါ်လိုအပ် လာသည့် အောက်ဆီဂျင်များကို လုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများမှ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ပြည်ပမှလျင်မြန်စွာတင်သွင်းခွင့်ပြုခြင်း စသည်တို့ဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်း များအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂-၈-၂၀၂၁ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၁၀၅ ခုမှ

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလများ၌ပင် ပြည်သူလူထုအပေါ် စာနာထောက်ထားမှု မရှိဘဲဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများဖြင့် တရားမဝင်အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်ရည်ရွယ်ကာ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

(၂၁) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အဆင့်မြင့် စီးပွားရေး အရာရှိများအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီ တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင်က သဘာပတိအဖြစ် ဦးဆောင်ကျင်းပသည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက် လျက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို တပ်မတော်က သွားရောက်ထောက်ပံ့လှူဒါန်းပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ကုန်စည်ကူးသန်းရေးတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏ ဆဋ္ဌမ အကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ကုသရေး အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ နိုင်ငံ့တာဝန် စတင်ယူခဲ့ရာ ယခုအခါတွင် နှစ်ဝက်ကာလပြည့်မြောက်ခဲ့ပြီဖြစ်သည်။ တိုတောင်းသော ခြောက်လတာ ကာလအတွင်း နိုင်ငံရေးပယောဂမျိုးစုံ နှောင့်ယှက်ဖျက်ဆီးမှု၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုများကို ဖယ်ရှားရှင်းလင်းလုပ်ဆောင်ခြင်းနှင့်အတူ အုပ်ချုပ်စီမံမှု လွယ်ကူချောမွေ့ လာရသောကပ်ရောဂါဘေးမှ လျော့ပါးသက်သာ ကင်းဝေးစေရေးအတွက် မနေမနား ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်