Aug 18, 2020
စိုက်ပျိုးရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော CERP Plan အရ မျိုးစေ့ထုတ်တောင်သူများအား နိုင်ငံတော်အစီအစဉ်ဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ငါးမွေးတောင်သူများထံ ငါးသားပေါက်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို သြဂုတ်လ ၁၆ ရက် နံနက် ၈နာရီခွဲက မြဝတီမြို့၌ ပြုလုပ်သည်။
Aug 18, 2020
Telecom International Myanmar Co.,Ltd.(Mytel) က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ E-Government စနစ်ဖော်ဆောင်ရန်အတွက် Computer, Internet & Video Conferencing System ဆက်စပ်ပစ္စည်းများ လွှဲပြောင်းလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 18, 2020
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့်အတူ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးကားလမ်း (၆၅/၄) မိုင်၏ မေခမြစ် (ရီဒမ်း) အရှေ့ဖက်ခြမ်း လမ်းဆက်လက်ဖောက်လုပ်နေမှု၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
Aug 18, 2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ် ၁၈ ရက် ၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာမှ ၂၀၂၀ ခုနှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသူအား လာရောက်တွေ့ဆုံပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Aug 18, 2020
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါ - မလိခ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျေးရွာများဖွံ့ဖြိုး တိုးတက်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
Aug 18, 2020
တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏အစီအစဉ်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
Aug 18, 2020
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Aug 18, 2020
မဲအန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း/ခရိုင် ကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ(၁)၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင် က “လာမည့်နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အခက်အခဲ တစ်စုံတစ်ရာမရှိစေဘဲ အောင်မြင်အောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ ဒီလုပ်ငန်း အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှ လုပ်ငန်းများ အောင်မြင်မည် ဖြစ်ပါကြောင်း၊ သို့အတွက် အဖွဲ့အစည်းများ အားလုံးက လုပ်ငန်းအောင်မြင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ပေးကြရန် လိုကြောင်းနှင့် တိုင်းဒေသကြီး အစိုးရကလည်း လိုအပ်သည်များ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း” အမှာစကား ပြောကြားသည်။
Aug 18, 2020
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
Aug 18, 2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသာ အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် တတိယအကြိမ် ငွေကျပ် (၂၀၀၀၀) ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသာ
Aug 18, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
Aug 18, 2020
၁။ (၁၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 18, 2020
၁။ (၁၇-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 18, 2020
Fauna and Flora International (FFI) အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့၊ ကျောက်တန်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများ နှင့် အတူ ပင်လယ်လိပ်များ ထိန်းသိမ်းကာကွယ်ခြင်း ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြကြောင်း သိရသည်။
Aug 18, 2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ကျေးလက်ဒေသရှိ အထက-ရေနံတောင်ရွာမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဝိဇ္ဇာဘာသာတွဲ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒ)တွင် တစ်ပြည်လုံး အမှတ်အများဆုံး ဘာသာစုံဂုဏ်ထူးဖြင့် ပထမဆု ရရှိသည့် မောင်ဝေယံလင်းကျော်နှင့် ဒုတိယဆုရရှိသော ငါးဘာသာ ဂုဏ်ထူးရှင် မစုပိုပိုအောင် တို့ နှစ်ဦးအား ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာဦးသန်းဦးနှင့် ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာ ဦးတင်ညိုတို့ အမှူးပြု သည့် ပညာတန်ဆောင် အုပ်ချုပ်ရေး အဖွဲ့က ချီးကျူးဂုဏ်ပြုပွဲ နှင့် ပညာသင်ဆုပေးအပ်ပွဲကို ဩဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
Aug 18, 2020
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကပ်သပြေ ကျေးရွာတွင် AA အကြမ်းဖက်သောင်းကျန်းသူ အမာခံ ၃ ဦး ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
Aug 18, 2020
ဩဂုတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့၏ (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ သို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများ ရယူခြင်းများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Aug 18, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်း ကြောင့် ထိုင်းနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၅၃ ဦး အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Aug 18, 2020
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း လက်စွဲစာအုပ်(မူကြမ်း)ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 18, 2020
စစ်ပွဲများ၏ စတင်ရာမှာ နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးအရ မပြေလည်သည့်အခါ ဘက်နှစ်ဖက် လက်နက်စွဲကိုင်တိုက်ခိုက် ကြသည်။ စစ်ပွဲဟူသည် အင်အားကို အသုံးပြုကာ တစ်ဖက် ရန်သူကို အနိုင်ရရေးနှင့် မိမိတို့အလိုရှိသည့်အတိုင်း နာခံ လာရေးအတွက် အစွမ်းကုန် တိုက်ခိုက်သတ်ဖြတ်ကြခြင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့်စစ်ပွဲများ သို့တည်း မဟုတ် လက်နက်ကိုင် ပဋိပက္ခများမှာ ဆယ်စုနှစ်ပေါင်းများစွာ
