Sep 25, 2020
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တို့၌ ဖွင့်လှစ် သင်ကြားလျက်ရှိသည့် အရာထမ်းလောင်း အခြေခံသင်တန်းကို Online မှ တစ်ဆင့် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 25, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ယနေ့နံနက်(၁၁) နာရီခွဲအချိန် က လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့ ရပ်ကွက်များရှိ ပြည်သူ (၂၅၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၈)နာရီခွဲ က တန့်ယန်းမြို့ရှိ အောင်တော်မူစေတီဘုရားအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး စေတီတော်အဆောက်အဦ တည်ဆောက်နေမှုကို ကြည့်ရှု၍ အောင်တော်မူစေတီကျောင်းထိုင်ဆရာတော်ထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် အလှူတော်ငွေ ကျပ်သိန်း(၂၀)၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်နှင့်ဇနီး ဒေါ်ပိုးဖြူ Shining Myanmar Co;Ltd.မှ အလှူငွေကျပ် (၁၀)သိန်း တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Sep 25, 2020
မွန်ပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် (တတိယအကြိမ်) ထောက်ပံ့မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း၌ မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Sep 25, 2020
ကိုယ့်ဘေးမှာ ကိုဗစ်ရောဂါပိုး အမြဲရှိနေတယ်လို့ ယူဆပါ။ ဘယ်သူ့မှာ ပိုးမရှိဘူးဆိုတာ ဘယ်လိုမှ ပြောမရတဲ့ အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုမှ ပြောမရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲ တွေ့တွေ့ ခြောက်ပေအကွာကနေ တွေ့ပါ။ Mask အမြဲတပ်ဆင်ပါ။ သတိရတိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ (ဒေါက်တာရဲမြင့်ကျော်)
Sep 25, 2020
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကိုဗစ်-၁၉ ကာလ ဆန်နှင့်စားသောက်ကုန် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများနှင့် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
Sep 25, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်း မြို့နယ် ကိုဗစ်−၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က တန့်ယန်းမြို့နယ်ခန်းမ၌ တွေ့ဆုံကြောင်းသိရသည်။
Sep 25, 2020
ရန်ကုန် စက်တင်ဘာ ၂၄ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးကအပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Sep 25, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုလျော့ကျစေရန်နှင့် စိတ်ဓာတ်ရေးရာ မြင့်တက်စေရန် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ တွေ့ကြုံရသည့်အခြေအနေ၊ အခက်အခဲများကို ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းကျော်လွှားနိုင်ရန် နှစ်သိမ့်အားပေးပံ့ပိုးမှုပေးခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ဖုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
Sep 25, 2020
ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ချိုက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။ အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
Sep 25, 2020
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
Sep 25, 2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိစိစစ်ပြီး သက်ဆိုင်ရာမြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ အချိန်မီပေးပို့နိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များကို စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို စက်တင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။
Sep 25, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အထိ လေးနှစ်တာကာလအတွင်း အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားစနစ်များဖြင့် ကျေးလက်အိမ်ခြေ ၄၃၄၄၈၀၊ လူဦးရေ နှစ်သန်းကျော်ခန့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လွှမ်းခြုံမှုရာခိုင်နှုန်းအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၂ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
Sep 25, 2020
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် အထွေထွေစီးပွားရေးသမဝါယမအသင်းရှိ အသင်းသား ၁၂၉ ဦးအတွက် အစု စုဆောင်းငွေ၊ ပံ့ပိုးချေးငွေနှင့် အသင်းပိုင်ငွေများအပါအဝင် ငွေကျပ် ၃၀၉ ဒသမ ၆၀ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်သမဝါယမအသင်းစုမှ အသင်းသို့ပေးအပ်ခဲ့ပြီး အသင်းသားတစ်ဦးလျှင် ထုတ်ချေးငွေကျပ် ၂၄၀၀၀၀၊ စုဆောင်းငွေပေါ် အတိုးများကို အသင်းသားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25, 2020
နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်း သာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိသည်။
Sep 25, 2020
၂၀၂၀ ပြည့်နှစ်အတွင်း စင်ကာပူနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် (၉) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9th ASEAN Quiz-Regional Level ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ(နိုင်ငံအဆင့်) 9th ASEAN Quiz (National Level) ပြိုင်ပွဲရေးဖြေစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက online မှတစ်ဆင့် Google Classroom စနစ်ဖြင့် ကျင်းပသည်။
Sep 25, 2020
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းများ ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening) အခမ်းအနားကို virtual စနစ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 25, 2020
ယနေ့သတင်းများအရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၈၃၄၄ ဦးရှိလာပါသည်။ ဆေးပညာရှင်များ၏ အဆိုအရ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုက ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး ပိုးတွေ့ လူနာသစ် အရေအတွက်သည်လည်း နေ့စဉ်တိုးလာနေဦးမည်ဟု ခန့်မှန်း ထားပါသည်။
Sep 25, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေသည် အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားနေဆဲ အဆင့်ရှိနေသေးသည်။ ရောဂါဖြစ်ပွားမှုနှုန်းကို အမြန်ဆုံးလျှော့ချနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ထုတ်ပြန် ကြေညာခဲ့သော စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များကို အလေးထား လိုက်နာဖို့လိုအပ်ပါသည်။
မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
Sep 24, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၌ အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာအလုပ်သမား (၈၈) ဦးအား မြန်မာသံရုံး၊ ကွာလာလမ်ပူ မြို့နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်သည့် Air Asia လေကြောင်း လိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
