Skip to main content

Nov 17, 2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်း အမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2020

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅၉/၂၀၂၀) အား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင်များ ဖြစ်ကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်တို့ တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရန် သွားရောက်ကြမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2020

ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ပထမဆုံး ငါးတက်ဆင်းလမ်း တည်ဆောက်ရန်အတွက် မဲခေါင်မြစ်ဝှမ်းအောက်ပိုင်း နိုင်ငံများအဖွဲ့၏အစိတ်အပိုင်းတစ်ရပ် အနေဖြင့် “မြန်မာနိုင်ငံနှင့် လာအို နိုင်ငံတို့တွင် ငါးတက်ဆင်းလမ်း ဖော်ဆောင်ခြင်းဖြင့် ဇီဝ၊ ရူပသွင်ပြင်နှင့် လူထုအပေါ်အကျိုး သက်ရောက်မှုဆန်းစစ်ခြင်း စီမံကိန်း” အမည်ဖြင့် ဩစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနစင်တာ (ACIAR) အဖွဲ့အစည်း၏ အထောက်အပံ့ ရယူလျက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်တည် ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2020

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း အစိုးရပိုင် အမွေအနှစ် အဆောက်အအုံများ ပြင်ဆင် ထိန်းသိမ်းရေး စီမံကိန်းများ၌ မူလအရည်အသွေး မပျက် ပြင်ဆင်နိုင်ရေးအတွက် အရည်အသွေး စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 17, 2020

အခုလို ရွေးကောက်ပွဲ အောင်မြင်တာဟာ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ နိုင်ငံသားကောင်းတစ်ဦးရဲ့ တာဝန်ကို ကျေပွန်စွာနဲ့ ဆန္ဒမဲပေးခဲ့ကြလို့ အောင်မြင်တာ ဖြစ်ပါတယ်

ဆက်လက်ဖတ်ရှုရန်

Nov 17, 2020

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပသည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်ခွင့်ရလာတော့မည် ဖြစ်သည်

ဆက်လက်ဖတ်ရှုရန်

Nov 17, 2020

ဒီမိုကရေစီစနစ်သည် အများစု၏သဘောထားကို သဘောတူ အကောင်အထည်ဖော်ရခြင်းဖြစ်၏။ ယင်းသည် အနည်းစု၏ သဘော ထားကို လျစ်လျူရှုခြင်းမဟုတ်။ အနည်းစုသည် မိမိတို့၏ သဘော ထားကို ဖော်ထုတ်တင်ပြခွင့်ရှိသည်။ အများနှင့် မတူညီသည့်တိုင် မိမိတို့သဘောထားကို ပြောဆိုငြင်းချက်ထုတ်ခွင့်ရှိသည်။ အပြန် အလှန် ဆွေးနွေးညှိနှိုင်းခွင့်လည်းရှိသည်။ အနည်းစု၏ သဘောထား ကို မှတ်တမ်းတင်ထားခွင့်လည်းရှိသည်။ ။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

(၁၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၄,၃၈၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၆၇) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၆)ဦးအား မနီလာမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

(၁၅-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၉၈၃) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) နှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီး ပြည်နယ်၊ နန်နင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ Online ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ On line CAEXPO ၌ B2B အစီအစဉ်များတွင် one- on-one match meeting ပွဲနှင့် Business Matching များ၊ On line Business Talks များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ အများအကျိုးအတွက် မိမိ၏ ကိုယ်ကျိုးစီးပွားကို အနည်းနှင့်အများဆိုသလို စွန့်လွှတ်အနစ်နာခံကြရသည်ချည်းသာ။ ထို့ကြောင့်ပင် နိုင်ငံရေးသမားသည် ခံစားတတ်သော နှလုံးသားရှိဖို့ လိုအပ်သလို၊ စဉ်းစားတွေးတော မြော်မြင် နိုင်သော အသိဉာဏ်ရှိဖို့လည်း လိုသည်သာ။ အကျင့်သိက္ခာကောင်း ဖို့လိုသလို ရင့်ကျက်မှုရှိဖို့၊ ဇွဲရှိဖို့၊ ဝီရိယကြီးဖို့လည်း လိုပါမည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

(၁၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၃၄၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၈၃) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို)က ကြီးမှူးကျင်းပသည့် ဒီပါဝလီပွဲတော်အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၄)ရက် ညနေ(၆) နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၄)လမ်းရှိ အဆိုပါ ဖောင်ဒေးရှင်းရုံး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားနှင့် မြန်မာနိုင်ငံသား (၉၉) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Dragon Tun ကုမ္ပဏီ၏ စီစဉ်မှုဖြင့် ၁၅-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ်ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် တိုင်းဒေသကြီးဆောက်လုပ်ရေး ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး ၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၈ နာရီက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် ပွင့်ဖြူမြို့နယ်ပေါက်ကုန်းကျေးရွာအုပ်စု ၊ ကံလှကျေးရွာ ၊ ဇီးကျွန်းကျေးရွာနှင့် ကျောင်းစု ကျေးရွာတို့မှ ကမ်းပါးပြိုဘေးသင့်အိမ်ထောင်စု(၃၆)စု အား တွေ့ဆုံ၍ လူနေအိမ်များ ပြောင်းရွှေ့ရမှုအတွက် ထောက်ပံ့ငွေများ ပေးအပ်ကာ အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

(၁၄-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၇၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်