Jan 26, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ်ရရှိပြီး စတင်ထိုးနှံတော့မည်။ နိုင်ငံတစ်ဝန်းတွင် ယခုကာလအတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုများ ကျဆင်းလာသည်။ ကာကွယ်ဆေးလည်းရ၊ ရောဂါ ကူးစက်မှုလည်းကျသဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်ရ မလိုဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ကပ်ရောဂါ ကမ္ဘာပေါ်မှ အပြီးတိုင် မထွက်ခွာ သွားသေးသည်ကို သတိချပ်ရမည်ဖြစ်သည်။
Jan 26, 2021
မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် များ - ၂၀၂၀ (MNBC Code-2020) ကို ယခု ကျန်ခဲ့သည့်နှစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရည်ညွှန်း ကိုးကား လိုက်နာ ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးက ညွှန်ကြား ခဲ့ပါသည်။
Jan 25, 2021
ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
Jan 25, 2021
ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR) လုပ်ငန်းအဖွဲ့၏ (၃၇) ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံ၌ ကျင်းပလျက်ရှိပြီး ယနေ့တွင် မြန်မာနိုင်ငံ၏ တတိယအကြိမ် UPR အစီရင်ခံ စာသုံးသပ်မှုပြုလုပ်ဆောင်ရွက်ကြသည်။
Jan 25, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ များတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသင်္ဘောသားများအား ဆိုးလ် မြို့ရှိ မြန်မာ သံရုံးနှင့် မြန်မာသင်္ဘောသားများ အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေး ကော်မတီ (CCSC) မှစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။
Jan 25, 2021
ဂျပန်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဘက် ဆိုင်ရာ ပစ္စည်း ကိရိယာများထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲ မှု ဆိုင်ရာဌာန ၌ကျင်းပသည်။
Jan 25, 2021
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်း ပေးပို့ချက်အရ ဇန်နဝါရီ ၆ ရက်မှ ၂၃ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ နတ်နန်း ကျေးရွာအုပ်စု၊ အရှေ့ဘက်(၃)မိုင်ခွဲခန့်အကွာမှ တရားမဝင် အင်/ကညင်သစ် (၃၃ ဒသမ ၃၃၂၀) တန်အားလည်းကောင်း၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝ ကားလမ်း၊ မိုင်တိုင်(၁၀/၄)တရော်ကျင်း ကျေးရွာအနီး (၆) ဘီးယာဉ်ပေါ် မှ တရားမဝင် ပိတောက်ချပ် (၀ ဒသမ ၉၅၅၀)တန်အားလည်းကောင်း ဖမ်းဆီးရ မိခဲ့သည်။
Jan 25, 2021
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာ၏၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် (ပထမအ ကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ၊ အဆိုပါ ဝန်ကြီး ဌာန သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ Virtual Online ဖြင့်ကျင်းပသည်။
Jan 25, 2021
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံ ဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယဌာနေကိုယ်စားလှယ် Ms. Yukiko lriyama တို့အား ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီး ဌာန၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 25, 2021
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်အပါအဝင် ပြည်နယ်အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်ဂုဏ်ပြုချီးမြှင့်သည်။
Jan 25, 2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် အသုံးပြုရန် ပစ္စည်းများဝယ်ယူရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရန်အတွက် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူနာပြုဆရာမများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Jan 25, 2021
Jan 25, 2021
လတ်တလော COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကြောင့် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ငါး၊ ပုစွန်ဈေးဧရိယာတွင် အသွားအလာကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာအစိုးရမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။
Jan 25, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၃ ဦးအား ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ စီစဉ်သည့် China Airline လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Jan 25, 2021
ကိုဗစ်ကပ်ရောဂါ ကမ္ဘာလောကထဲ ဝင်ရောက်လာသည့် အချိန်မှစ၍ ကျန်းမာရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာ စသည့် အထွေထွေပြဿနာများနှင့် တစ်ပြိုင်နက်တည်းလိုလို နဖူးတွေ့ ဒူးတွေ့ ကြုံကြရတော့သည်။
Jan 25, 2021
နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် ရှေးဟောင်းအမွေအနှစ်၊ ရှေးအစဉ်အဆက် ယဉ်ကျေးမှုဂုဏ်ဒြပ်များရှိသည်။ ယဉ်ကျေးမှု ဂုဏ်ဒြပ်မြင့်မားမှု၊ ထင်ရှားမှုရှိလျှင်ရှိသလောက် ထိုနိုင်ငံနှင့်နိုင်ငံသားတို့ နိုင်ငံများအလယ်တွင် ဝင့်ကြွားထည်ဝါပေသည်။ ယဉ်ကျေးမှု အစဉ်အလာကြီး မားသော၊ ထိုယဉ်ကျေးမှုကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်နိုင်သော နိုင်ငံနှင့်နိုင်ငံသားများ၏ အမျိုးသားအားမာန်များ၊ နိုင်ငံ၏ ဂုဏ်သရေများ ထည်ဝါခံ့ညားပေသည်။
Jan 24, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်း တွင် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း (Myanmar Oil and Gas Services Society MOGSS) က ကြီးမှူး၍ Online ဖြင့် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အစည်း အဝေးဖွင့်ပွဲအခမ်းအနားသို့ Video Message ပေးပို့အမှာစကား ပြောကြားသည်။
Jan 24, 2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ်(၇) စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 24, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဓမ္မာရုံ၌ ကျင်းပသည်။
Jan 24, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးကန်များ ဧကစာရင်းမှန်ကန် စေရေးနှင့် ပယ်ဖျက်လိုသောငါးမွေးကန်များ စာရင်းများ နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က Zoom Meeting ဖြင့် ကျင်းပသည်။
