Skip to main content

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ (၁၁) ကြိမ်မြောက် Technical Knowledge Sharing Seminar ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် AGM Committee က ကြီးမှူးစီစဉ်သည့် (၁၁) ကြိမ်မြောက် နည်းပညာဆိုင်ရာ Knowledge Sharing Seminar ကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ အသင်းချုပ် Function Hall ၌ ကျင်းပသည်။

အခမ်းအနားတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက အမှာစကားပြောကြားပြီး DBU IN-TERNATIONAL COLLEGE မှ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “Effective Engineering Leadership” ခေါင်းစဉ်ဖြင့် အင်ဂျင်နီယာဦးဆောင်မှု၏ အဓိကကျသည့် အရည်အချင်းများ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးနားလည်မှုတို့၏ အရေးပါမှုကို မျှဝေပေးခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ် (စစ်ကိုင်း) မှ ပါမောက္ခဌာနမှူးက “Introduction to Geotechnical Engineering” ခေါင်းစဉ်ဖြင့် မြေသဘောတရားအင်ဂျင်နီယာပညာ၏ အခြေခံသဘောတရားများနှင့် Super Seven Stars ကုမ္ပဏီမှ ညွှန်ကြားရေးမှူးက နိုင်ငံတကာအဆင့်မီ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို မျှဝေဟောပြောခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဟောပြောသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး အသင်းသားစုံညီ ညီလာခံ (၂၀၂၆) ဂုဏ်ပြုညစာ စားပွဲကို ယနေ့ညပိုင်းတွင် နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်