Mar 06, 2024
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၄)ဖြင့် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ”ကို ၁၃၈၅ ခုနှစ် တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါနည်းဥပဒေများကို နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် Download ပြုလုပ်၍ ရယူနိုင်ကြောင်း သတင်းရရှိသည်။
Mar 01, 2024
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့်ကိစ္စရပ်များမပါ)အား ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။
Mar 01, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခင်ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
Feb 29, 2024
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၂ / ၂၀၂၄ ထုတ်ပြန်ကြေညာ
Feb 28, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် ၁/ ၂၀၂၄
