ဆင်းရဲခြင်းကင်း ငြိမ်းအေးစိတ်နှင့် ဘဝပြဿနာများ ဖြေရှင်းနိုင်ပါစေ
ကျေးဇူးရှင်ဗုဒ္ဓမြတ်စွာဘုရားက လမ်းညွှန်ပြသခဲ့သည်မှာ မိမိတို့လူသားများ၏ မွေးသည်မှ သေသည်အထိဖြစ်ခြင်း၊ ပျက်ခြင်းအားလုံးသည် ဒုက္ခချည်းပဲဖြစ်သည်ဟူ၍။ ဘဝတစ်ခုဖြစ်လာသည်မှစ၍ ဒုက္ခဟူသော ဆင်းရဲခြင်းတွေသာရှိသည်။ အမှန်တကယ်ကိုရှိသည်။ ထိုဒုက္ခဟူသော ဆင်းရဲခြင်းသည်လည်း မည်သည့်အတွက်ကြောင့်ဖြစ်ရသည်ဆိုလျှင် သမုဒယကြောင့်ဖြစ်ရသည်၊ တဏှာကြောင့်ဖြစ်ရသည်။ ဒါလည်း အမှန်တရားတစ်ခုဖြစ်သည်။
