Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးများ တွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများသည် နိုင်ငံတော်မီဒီယာသမားများဖြစ်သည့်အတွက် မှန်ကန်သော အမြင်ရှိရန်လိုကြောင်း၊ တစ်ဦးကိုတစ်ဦး လေးစားမှုဖြင့် စုပေါင်းလုပ်ဆောင်တတ်သည့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများရှိအောင် မွေးမြူကြရန်လိုကြောင်း၊ မိမိတို့၏ တွေးခေါ် မြော်မြင်မှုကောင်းများဖြင့် နိုင်ငံနှင့် ဒေသအကျိုး၊ ဌာနအကျိုးတို့ကို တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူနှင့်အစိုးရကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပြီး ပြည်သူများထံ သတင်းမှန်များရောက်ရှိအောင် ဆောင်ရွက်ကြရန်နှင့် ပြည်သူများ သတင်းအဆိပ်သင့်မှုမခံရစေရေးအတွက် ဆောင်ရွက်ပေးသွားရန်တာဝန်ရှိကြောင်း၊ ပညာရေးကဏ္ဍမြင့်မားရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိပြီး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များဖြင့်သာ နိုင်ငံတော်တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သတင်းတု သတင်းမှားများ မပျံ့နှံ့အောင်၊ သတင်းမှန်များ လူထုထံရောက်ရှိအောင် စွမ်းအားရှိသမျှ ကြိုပမ်းဆောင်ရွက်သွားကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ဦးစီးမှူးများက ၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဖြည့်စွက်မှာကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်