Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando အား လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Thushara Fernando အား ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် WHO တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဝန်ကြီးဌာန၏ပံ့ပိုး ကူညီပေးခဲ့မှုများ၊ အောင်မြင်မှုများနှင့် WHO အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်