Skip to main content

ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ(Private Cinema) ဖွင့်လှစ်ပြသနေမှုနှင့်ပတ်သက်၍ အသိပေးကြေညာချက်

ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးဗဟိုကော်မတီအနေဖြင့် အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ပရိုဂျက်တာ/ TV အသုံးပြုပုဂ္ဂလိကရုပ်ရှင်ရုံငယ်များကို ဟိုတယ်/ တည်းခိုခန်းများကဲ့သို့ အခန်းကန့်ပြီး ဖွင့်လှစ်လာကြ၍ မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြသခွင့်လိုင်စင်များ ထုတ်ပေးမှုများရှိပါက ချက်ချင်းရုပ်သိမ်းသွားရန်နှင့် တရားမဝင်ပြသနေမှုများအား ရုပ်မြင်သံကြား နှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီး / ပြည်နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားရှိပါသည်။

သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ RIO Private Cinema၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ The Vibe Mini Cinema အပါအဝင် အချို့သော Private Cinema များသည် ဆင်ဆာမဲ့ရုပ်ရှင်ဇာတ်ကားများကို အသုံးပြု၍ မလျော်ကန်စွာ တရားမဝင်ဆက်လက်ဖွင့်လှစ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

သို့ပါ၍ လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများ ဆက်လက်ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီ