Skip to main content

မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ပုဒ်များ ဖိတ်ခေါ်ခြင်း

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲနှင့် ပညာပေးဇာတ်လမ်းတို (Short Film ၂-၃ မိနစ်) ဖိတ်ခေါ်ပြိုင်ပွဲများတွင် ခေါင်းစဉ်အဖြစ် အသုံးပြုရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ပုဒ် ၅ ခု ရွေးချယ်မည်ဖြစ်၍ အောက်ပါ သတ်မှတ်ချက်များအတိုင်း ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်-

(က) တစ်ဦးလျှင် ဆောင်ပုဒ် ၂ ခု ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

(ခ) ဆောင်ပုဒ် ၁ ခု ချင်းစီအား မြန်မာ - အင်္ဂလိပ် နှစ်ဘာသာဖြင့် ယှဉ်ပြိုင်ရမည်။

(ဂ) မြန်မာဘာသာအတွက် Font size- 13, Pyidaungsu Font ဖြင့်လည်းကောင်း၊ အင်္ဂလိပ် ဘာသာအတွက် Font size- 13, Pyidaungsu Font ဖြင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

(ဃ) ပြိုင်ပွဲဝင်ဆောင်ပုဒ်များအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နောက်ဆုံးထားပေးပို့ ယှဉ်ပြိုင်ရမည်။

(င) ဆောင်ပုဒ်များကို Fax ၀၆၇၃ - ၄၀၁၇၄၈ နှင့် Email - [email protected] သို့ပေးပို့ရမည်။

(စ) ဆောင်ပုဒ်ယှဉ်ပြိုင်သူများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာပြည့်စုံစွာပါရှိရမည်။

မှတ်ချက်။ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ပြည်သူအားလုံးမှ တက်ကြွစွာပူးပေါင်းပါဝင်ယှဉ်ပြိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော

ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့