Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ

 


နေပြည်တော် စက်တင်ဘာ ၆       

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို အများပြည်သူရုံးပိတ်ရက် များတွင်လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့် တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၆-၉-၂၀၂၁ ရက်နေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော် နှင့်မြဝတီကုန်သွယ်ရေးစခန်း (၃) ခု တို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၁၄) ခုမှ ယာဉ်စီးရေ (၃၅) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၂)စီး ဖြင့်(၃၉)တန်၊ အောက်ဆီဂျင်(ဓာတ်ငွေ့) Bowser ယာဉ် (၁) စီး ဖြင့် (၂၀) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၃၂၈၅) ခု၊ Oxygen Plant (၅)ခု၊ အိမ်သုံး Oxygen Concentrator (၅၃၄) ခု၊ PPE (၈၈၀၇၀) စုံနှင့်နှာခေါင်းစည်း (Mask) (၇၃) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၂) စီးမှာ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ဖြစ်ပြီး အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ်(၁) စီး မှာ ပြည်မြို့သို့ဖြစ်သည်။ Oxygen Plant (၅)ခု မှာ ရန်ကုန်မြို့သို့ (၃)ခု၊ လာရှိုးမြို့နှင့် မိတ္ထိလာမြို့ သို့ (၁)ခု စီ ဖြစ်ကြောင်းသိရသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

(သတင်းစဉ်)