ရန်ကုန် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ထုတ်ဝေသည့် အလျား(၃)ပေ ၊ အနံ(၂)ပေ (၄) လက်မရှိ “ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့် အချက်များ” ခေါင်းစဉ်ပါ ပညာပေးပိုစတာနှင့် (၆)ပေ ပတ်လည်ရှိ “စိုးရိမ်စိတ် တွေလွန်ကဲပြီးလုပ်ရင် ကောင်းကျိုးထက်ဆိုးကျိုးဖြစ်ဖို့များ” ခေါင်းစဉ်ဖြင့် တွေ့ဆုံမေးမြန်းခန်း ဆောင်းပါး ပညာပေးပိုစတာများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအတွင်းရှိ ခရိုင်(၄)ခရိုင်မှစည်ပင်သာယာ အုပ်ချုပ်ရေးမှူးများကို ပေးအပ် သည့်အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ ရှေ့၌ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနာယက ဒုတိယမြို့တော်ဝန် ဦးညီညီ၊ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေ တို့က တာဝန်ရှိသူများထံ ပေးအပ်ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ပညာပေးဗီနိုင်းစပိုစတာများကို ခရိုင်(၄)ခရိုင်အတွင်းရှိ မြို့နယ်များအတွင်း လူစည်ကားရာ နေရာများတွင် အများပြည်သူများ သိရှိလိုက်နာနိုင်စေရန် လိုက်လံချိတ်ဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
