နေပြည်တော် နိုဝင်ဘာ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီတိုင်းဒေသကြီး/ ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုထိရောက်စွာဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း သတင်းမှန် (၄၉)ကြိမ်ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ ၁၁၉ မှု၊ ဖမ်းဆီးရမိမှုခန့်မှန်းတန်ဖိုးငွေကျပ်သန်း ၆၄၇၇ ဒသမ ၁၂၀ နှင့် တရားမဝင်ကုန်စည်များ တင်ဆောင် လာသည့် မော်တော်ယာဉ်များ အပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့်လိုင်စင်မဲ့ မော်တော်ဆိုင် ကယ်များ ဖမ်းဆီးရမိခဲ့သည်။
သတင်းပေး တိုင်ကြားမှုများကြောင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် စက်မှုကုန်ကြမ်းပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ တရားမဝင်သစ်မျိုးစုံ နှင့် ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။ တရား မဝင် တင်ပို့/တင်သွင်းမှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီးလူမှုစီးပွားရေးကဏ္ဍအပေါ်များစွာဆိုးကျိုးသက်ရောက်ခြင်းကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်တင်ပို့/တင်သွင်းမှုများအား သတင်းပေးတိုင်ကြားရန်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်းသတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ် သန်း ၆၄၇၇ ဒသမ ၁၂၀ ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၁၂၉၅ ဒသမ ၄၂၄ သန်းကိုသတင်းပေးဆုကြေးငွေအဖြစ်ချီးမြှင့်ပေး သွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန်ဆုချီးမြှင့်နိုင်ရေးဆောင် ရွက်ပေးလျက်ရှိ ပါကြောင်းနှင့် တာဝန်သိ ပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍လက်ကိုင်ဖုန်း- ၀၉-၆၉၉၆၁၁၁၁၆၊ အော်တိုတယ်လီဖုန်း နံပါတ်-၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် [email protected] သို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်းသတင်းရရှိသည်။
သတင်းစဉ်
