သားတို့သမီးတို့အတွက် သမဝါယမကောလိပ်(ဖောင်ကြီး)
မြင့်စိုး (နတလ)
ကဗျာဆန်သောကျောင်းဆောင်လေးများ
တကယ်သွားဖို့ ကြံရွယ်ထားသည်က သန်လျင်မြို့ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်။ အရင်ဆုံးရောက်သွားသည်က သမဝါယမကောလိပ် (ဖောင်ကြီး) ဖြစ်လို့နေပါတော့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သွားရောက်သည့် ခရီးစဉ်တွင် လမ်းကြောင်းလည်း သင့်နေသောကြောင့် ဝင်ရောက်ခဲ့ခြင်းဖြစ်၏။ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှာ အမြန်လမ်းမကြီး မိုင်တိုင်(၂၀/၀)မှချိုး၍ သမဝါယမကောလိပ်(ဖောင်ကြီး)သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ရှေးယခင်က ဖောင်ကြီးသို့သွားလျှင် ရန်ကုန်-လှည်းကူး-မင်းကုန်းလမ်းအတိုင်း သွားခဲ့ခြင်းဖြစ်လေရာ စိတ်ထဲမှာအတန်ငယ်လှမ်းသည်ဟု ထင်ရ၏။ ယခု (၂၀/၀) မိုင်မှ ချိုးဝင်လိုက်သောအခါ ငါးမိနစ်စွန်းစွန်းမျှသာ အမြန်လမ်းကသွားလျှင် ပို၍လမ်းသင့်သည်ဟု ကျွန်တော်မှတ်ချက်ချလိုက်မိပါသည်။
ကျွန်တော်နှင့်အတူ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့ လိုက်ပါလာခဲ့သည်။ သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းက သင်တန်းနှစ်အလိုက် တက်ရောက်သင်ကြားနေသော ကျောင်းသား ကျောင်းသူများစာရင်း၊ သင်ကြားပို့ချပေးနေသော ဆရာ ဆရာမအင်အား စာရင်းများအပါအဝင် ကောလိပ်ကျောင်းနှင့် သက်ဆိုင်သောအချက်အလက်များကို ရှင်းလင်းပြောကြားပါသည်။ ကျောင်းသား ကျောင်းသူများ နေထိုင်ရန်စီစဉ်ပေးထားသော အဆောင်လေးများ၏အမည်များမှာ အင်းဝဆောင်၊ ကမ္ဘောဇဆောင်၊ ရတနာပုံဆောင်၊ ယုဝတီဆောင်၊ ဓညဝတီဆောင်နှင့် သလ္လာဝတီဆောင်တို့ဖြစ်သည်။ ကဗျာ ဆန်လှပေစွ။ နေပြည်တော်သို့ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာလာရင်း သမဝါယမကောလိပ်(ဖောင်ကြီး)တွင် ကျွန်တော်တို့နှင့်ဆုံခဲ့သည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းသည် သလ္လာဝတီဆောင်တွင် အဆောင်မှူးတာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း အမှတ်တရ ပြောပြပါသည်။
ကျောင်းတည်နေရာနှင့် ဖြစ်ပေါ်လာပုံ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအနီးတွင် တည်ရှိပါသည်။ ဧက ၂၀၀ ကျော် ကျယ်ဝန်းပြီး သစ်ပင်ပန်းမန်တို့ဖြင့် စိမ်းလန်းဝေဆာလျက် အေးမြသောအရိပ်အာဝါသကို ပိုင်ဆိုင်ထားပါသည်။ ၁၉၈၃-၁၉၈၄ ခုနှစ်တွင် ဗဟိုသမဝါယမသင်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ သို့မို့ကြောင့်ပဲလားတော့မသိ။ လက်ရှိသမဝါယမကောလိပ် (ဖောင်ကြီး)တွင် တက်ရောက်ခဲ့သော ကျောင်းသား ကျောင်းသူလေးများအား ဒီပလိုမာပေးအပ်ရာ လိပ်ခုံးခန်းမကြီး (အားလုံး၏အခေါ် Dome ခန်းမကြီး)သည် ဝန်ကြီး အဘဦးစိန်ထွန်း လက်ထက်ကတည်းက တည်ဆောက်ပေးထားခဲ့သော ခန်းမကြီးဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၉၄ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ဗဟိုသမဝါယမကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဇွန်လ ၁၅ ရက်တွင် သမဝါယမကောလိပ်(ဖောင်ကြီး) အမည်သို့ အမည် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
ကောလိပ်များ၏ ရည်မှန်းချက်
ကောလိပ်များဟု ကျွန်တော်သုံးနှုန်းလိုက်ရခြင်းမှာ မကြာသေးမီကမှ ကျွန်တော်ရောက်ခဲ့သည့် သမဝါယမကောလိပ်(မန္တလေး)ကိုပါ ရည်ညွှန်းလို၍ ဖြစ်ပါသည်။ မိမိတို့၏ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အထက်ပါကောလိပ် ကျောင်းများ၏ ရည်မှန်းချက်မှာ “အမျိုးသားရေးစိတ်ဓာတ်နှင့်လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသည့် သမဝါယမစီးပွားရေးပညာတတ်များ မွေးထုတ်ပေးရန်” ဖြစ်ပါသည်။ ကောလိပ်များ၏ ရည်မှန်းချက်ကား မွန်မြတ်လှပါဘိ။
ပေးအပ်ချီးမြှင့်သည့် ဒီပလိုမာ
သမဝါယမကောလိပ်ကျောင်းများသည် အောက်ဖော်ပြပါ ဒီပလိုမာများကို ပေးအပ်ချီးမြှင့်ပါသည် -
(က) စီးပွားရေးလုပ်ငန်း စာရင်းကိုင် ဒီပလိုမာ (Diploma in Business Accounting) (Dip.BA)
(ခ) ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုဒီပလိုမာ (Diploma in Marketing Mana-gement) (Dip.MM)
(ဂ) အသုံးချစာရင်းအင်းဒီပလိုမာ (Diploma in Applied Statistics) (Dip.AS)
(ဃ) ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာဒီပလိုမာ (Diploma in Regional Develop- ment) (Dip.RD)
(င) လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု ပညာဒီပလိုမာ (Diploma in Social Enterprise Management) (Dip.SEM)
ယင်းကောလိပ်များ၌ နှစ်နှစ်ပညာသင်ကြားပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)သို့ ပေါင်းကူးနိုင်ပြီး တတိယနှစ်မှစတင်ကာ ဆက်လက်ပညာသင်ယူ ခွင့်ရှိပါသည်။
ဝန်ကြီးဌာန၏ ထောက်ပံ့ပေးမှုများ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)၊ သမဝါယမကောလိပ် (ဖောင်ကြီးနှင့်မန္တလေး) ကျောင်းများရှိ ကျောင်းသား ကျောင်းသူလေးများအတွက် လူသားတို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် တစ်ဖက်တွင် တိုးတက်၍ တစ်ဖက်တွင် ပျက်စီး ဆုံးရှုံးမှုများရှိနေပါက အကျိုးရှိသော တိုးတက်မှုဟု ဆိုရန်ခက်ခဲပေလိမ့်မည်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သော တိုးတက်မှုဖြစ်ရန် လိုအပ်ပါသည်။ သဘာဝပတ်ဝန်းကျင်ဆိုသည်မှာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့၊ တစ်နိုင်ငံတည်းနှင့် သက်ဆိုင်သည်မဟုတ်ဘဲ လူသားအားလုံးနှင့် သက်ဆိုင်သော အရေးဖြစ်ပါ၏။ ထို့အတူ ပစ္စုပ္ပန်တိုးတက်ရေးအတွက် သဘာဝ ပတ်ဝန်းကျင်အပေါ် မှီခိုအားထားနေကြရသကဲ့သို့ အနာဂတ်မျိုးဆက်သစ်တို့အတွက်လည်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လက်ရှိလူသားတို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိဖြင့် အစိမ်းရောင်နေထိုင်မှုပုံစံ၊ အစိမ်းရောင်စီးပွားရေး လုပ်ကိုင်မှုများသို့ ပြောင်းလဲကြခြင်းဖြင့် လူသားမျိုးဆက်များ အားလုံးတိုးတက်၍ ကမ္ဘာကြီးကိုလည်း စောင့်ရှောက်နိုင်မည်ဖြစ်ပါသည်။
ယနေ့ဆိုလျှင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ကမ္ဘာကြီးဖျားနာနေပြီဖြစ်သည်။ ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်မီကပင် ကာကွယ်ခြင်းက ဆုံးရှုံးမှုနည်းပါလိမ့်မည်။
အားလုံး၏အနာဂတ်
လူသားတို့၏ အနာဂတ်ဟုဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ၊ ဉာဏပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဟု မြင်ကြပါလိမ့်မည်။ သိုသော်ထိုလူသားတို့ အသက်ရှည်စွာ ရှင်သန်ရပ်တည်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆိုပါမူကျန်းမာသောသဘာဝပတ်ဝန်းကျင် လိုအပ်ပါသည်။ ထိုသို့ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အရေးကြီးလှသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လူတစ်ဦးချင်းတစ်ယောက်ချင်းမှစ၍ လူ့အဖွဲ့အစည်းအလိုက်၊ နိုင်ငံအလိုက်၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စုပေါင်းထိန်းသိမ်းကာကွယ်ကြရမည် ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ လုပ်ဆောင်လျက်ရှိသော်လည်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ဂေဟစနစ်များပျက်စီးမှု၊ တောရိုင်းတိရစ္ဆာန်များ မျိုးသုဉ်းမှု၊ ရေထု လေထု မြေထု ညစ်ညမ်းမှုများ၊ သစ်တောပြုန်းတီးမှုများမှာ လျော့ကျမသွားဘဲ တိုးလာနေသည်ကို ပြန်လည်ဆန်းစစ်ကြရပါမည်။ ယင်းမှာ လူသားတို့အနာဂတ်ရပ်တည်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည့်အတွက်ဖြစ်ပါ၏။
အစားထိုးရန် အခြားမရှိ
ထို့ပြင် ကုလသမဂ္ဂမှ ချမှတ်ထားသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် အောင်မြင်ရန်ဆိုပါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အခြေခံထားလုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ တစ်ဖက်တွင် လူသားတို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေပြီး တစ်ဖက်တွင် သဘာဝပတ်ဝန်းကျင် ပျက်စီးနေပါ အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့သာ ရှိနေပါလိမ့်မည်။ ဤကမ္ဘာမြေကြီး၏ သဘာဝ ပတ်ဝန်းကျင်ပျက်စီးသွားပါက အစားထိုးရန် အခြားမရှိပါ။ တစ်ခုတည်းသော ကမ္ဘာမြေကြီး ဆိုသည်မှာ လူသားတို့ အသက်ရှင်ရပ်တည်နိုင်သည့်နေရာ ဤတစ်နေရာတည်းရှိခြင်းပင် ဖြစ်ပါသည်။
သို့ဖြစ်ရာ မိမိတို့ရှင်သန်ရပ်တည်ရာ တစ်ခုတည်းသောကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်းကျင် ကျန်းမာသန်စွမ်းရေးသည် လူသားတို့၏ အနာဂတ်ပင်ဖြစ်ပါ၏။ လူသားအားလုံး၏ အနာဂတ်သည် လူသားများ လက်ထဲတွင်ရှိနေရာ တစ်ဦးချင်းစီက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိများဖြင့် ပြုမူနေထိုင်လုပ်ကိုင်ကြခြင်းဖြင့် ကျန်းမာသော ကမ္ဘာကြီးအဖြစ် ဖန်တီးကြပါစို့ဟု တိုက်တွန်းလိုပါသည်။
