Skip to main content

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်အသစ် လဲလှယ်ရန် အသိပေးကြေညာခြင်း

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။

၂။ အသိအမှတ်ပြုလက်မှတ် သက်တမ်းကုန်ဆုံးပါက နည်းဥပဒေ ၂၁ အရ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေ ကျပ်တစ်သောင်းပေးသွင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလက်မှတ်အသစ်လဲလှယ်ရန် လာရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။ သက်တမ်းကုန်လွန်သော အသိအမှတ်ပြုလက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်းနှင့် သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

၄။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၈၆၀၄၇၅၀၊ ၀၁-၈၆၀၄၇၅၁၊ ၀၁-၅၄၄၅၈၃ ၊ [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန