ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် များ အား ၅ နှစ်သက်တမ်း ခွင့်ပြုပေးခဲ့ပါသည်။
အသိအမှတ်ပြုလက်မှတ် သက်တမ်းကုန်ဆုံးပါကနည်းဥပဒေ ၂၁ အရ သက်တမ်းကုန်ဆုံးသည့်ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေကျပ်တစ်သောင်း ပေးသွင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် လာရောက်ဆောင်ရွက် ရမည် ဖြစ်ပါသည်။
သက်တမ်းကုန်လွန်သော အသိအမှတ်ပြုလက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့် မရှိကြောင်းနှင့် သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ [email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
